HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဗိုလ်မှူး စောချစ်သူကို ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား

ကရင်နယ်ခြားစောင့်တပ်(BGF) ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို စစ်ကောင်စီခေါင်းဆောင်က ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 May 2024 2:04 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြဝတီ ပွဲဆူပြီ။ BGF ဗိုလ်မှူး စောချစ်သူကို အသေရရ၊ အရှင်ရရ မင်းအောင်လှိုင် ဖမ်းမိန့်ထုတ်လိုက်ပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်မှူး စောချစ်သူကို ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၇ ရက်နေ့ နံနက်ပိုင်းက ဖော်ပြထားတဲ့ ‘စစ်ကောင်စီ လက်အောက်ခံ BGF ထိန်းချုပ် ထားသည့် နယ်မြေအတွင်းရှိ ကျားဖြန့် လုပ်ငန်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ လိမ်လည်နေပြီး BGF က ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိဟု USIP ပြော’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


သတင်းထဲမှာ စစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) က ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်းက ကျားဖြန့် လုပ်ငန်းတွေရဲ့ နှစ်စဉ် လိမ်လည်ရယူနေတဲ့ ပိုက်ဆံတွေအကြောင်းနဲ့ ဒီအပေါ်မှာ BGF က ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနေတဲ့အကြောင်း US Institute for International Peace (USIP) မှ ထုတ်ဖော်တဲ့အကြောင်းအရာကို ရေးသားဖော်ပြထားတာပါ။

ဒီသတင်းထဲမှာ ဗိုလ်မှူး စောချစ်သူကို ဖမ်းမိန့်ထုတ်လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။ အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories