HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NUG ကို နော်ဝေနိုင်ငံက လက်နက်ကြီးတွေ ပို့ပေးနေတယ်ဆိုတဲ့ သတင်းအမှား

NUG အစိုးရကို နော်ဝေနိုင်ငံက လက်နက်ကြီးတွေ ပေးပို့နေတယ်ဆိုပြီး လူမှုမီဒီယာတွေပေါ်မှာ ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Nov 2022 9:08 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ The Mercerneries ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂၅ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို နော်ဝေမှ လက်နက်ကြီးတွေ ပို့ပေးနေပြီ' ဆိုပြီး ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဖြန့်ဝေနေတဲ့ ဗွီဒီယိုဖိုင်ကို ဖွင့်ကြည့်ရင် စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုအကြောင်းဆိုပြီး စစ်တပ်ရဲ့ အကြောင်းတွေကို လူတစ်ဦးက live လွှင့်ပြီး ပြောဆိုနေတဲ့ ဗွီဒီယိုဖိုင်ပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာထဲမှာ နော်ဝေနိုင်ငံက NUG အစိုးရကို လက်နက်ကြီးတွေ ပေးပို့နေတဲ့ အကြောင်းအရာနဲ့ အချက်အလက်တွေ ပါဝင်ခြင်းမရှိပါဘူး။ 

ဒီဖေ့စ်ဘွတ်ပေ့ချ်တွေမှာ ဖြန့်ဝေနေတာတွေဟာ Clickbait နဲ့ ဝင်ငွေရှာဖို့ လူမှုကွန်ယက်ပေါ် Like များအောင် ဖန်တီး ဖြန့်ဝေနေတာဖြစ်ပြီး သူတို့ကိုယ်တိုင် စုံစမ်း မေးမြန်းရေးသားထားတဲ့အကြောင်းအရာတွေမရှိပါဘူး။

Tags:

Related Stories