HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စကစ ပါတီဥက္ကဌသစ်တွေ အပြင်မထွက်ရဲတော့ကြောင်း မြဝတီမှာ ကြေ‌ငြာတယ်ဆိုတဲ့ သတင်းအတု

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပြောသလို စစ်ကောင်စီ ပါတီဥက္ကဌတွေ သွေးကြောင်ပြီး အပြင်မထွက်တော့ဘူးလို့ မြဝတီသတင်းမှာ ကြေငြာတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖြန့်ဝေထားတဲ့အကြောင်းအရာဟာ သတင်းတု သက်သက်သာဖြစ်ပါတယ်။

By - Boom Live Myanmar | 19 Dec 2023 8:16 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Short Comedy ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ် နီးပါး ကြာမြင့်တဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဒီဇင်ဘာ(၆)ရက် အထူးသတင်း​ကောင်းများ။ စကစ ပါတီဥဣဌသစ်များ သွေးကြောင် အပြင်မထွက်ရဲတော့ဘူး။ ဗိုလ်ကြီးပြောသလို မြဝတီမှာ တကယ်ရီး ကြေငြာသွားပြီ' လို့ ရေးသားဖြန့်ဝေခဲ့တာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဆိုသူရဲ့ ဖေစ့်ဘွတ် live ဗီဒီယိုတစ်ခုကို ပြန်လည်ကူးယူပြီး နောက်ခံစကားပြောတွေနဲ့ ပေါင်းစပ်ပြီး သတင်းပုံစံ ပြုလုပ်ထားတာသာ ဖြစ်ပါတယ်။

live ဗီဒီယိုထဲမှာ ပြောထားတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ပြောဆိုမှုထဲမှာလည်း စကစ ပါတီဥက္ကဌသစ်တွေ အပြင်မထွက်ရဲတော့တဲ့ အကြောင်း မြဝတီသတင်းဌာနမှာ ကြေငြာတယ်ဆိုတဲ့ အကြောင်း မပါဝင်ပါဘူး။ သူ့ရဲ့ live ထဲမှာ မင်းအောင်လှိုင်တပ်က တပ်ရင်းမှူးတွေ၊ ဗျူဟာမှူးတွေအနေနဲ့ ထွက်ပေါက်ရှာကာ လက်နက်ချဖို့ အချိန်တန်ပြီဆိုတဲ့ အကြောင်း ပြောဆိုထားတာသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေချ့်အများစုဟာ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတာကို တွေ့ရပါတယ်။

Tags:

Related Stories