HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အပူလှိုင်းဖြတ်မယ် ဆိုတဲ့ သတင်းအမှား

အရှေ့တောင်အာရှနိုင်ငံတွေမှာ သုံးရက်ဆက်တိုက် အပူလှိုင်းဖြတ်‌မယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 6 March 2025 9:08 PM IST

ဒီအကြောင်းအရာကို မတ်လ ၄ ရက်နေ့ ညနေပိုင်းကစတင်ပြီး ဖေစ့်ဘွတ်ပေါ်မှာ ရေးသားဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ 'အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ။ Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။ အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1။ 37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။ ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့ သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိင်ပါတယ်။

သတင်းဆန်းစစ်ချက်

အရှေ့တောင်အာရှနိုင်ငံတွေမှာ သုံးရက်ဆက်တိုက် အပူလှိုင်းဖြတ်‌မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အခုဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ဖြန့်ဝေနေတဲ့ အကြောင်းအရာဖြစ်ပြီး ဒါကိုတမင် ပြန်လည် ကူးယူ ဖြန့်ဝေနေတာပါ။


ပြီးခဲ့တဲ့ နှစ်က ဖြန့်ဝေထားတဲ့ ပိုစ့်တွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ယခုနှစ်ဟာ လာနီညာနှစ်ဖြစ်တဲ့အတွက် အပူလှိုင်းဖြတ်တဲ့အထိ မဖြစ် နိုင်ကြောင်း၊ အပူလှိုင်းဟာ နှစ်စဉ် ဖြစ်မြဲ အပူချိန်တွေထက် ၅°C အထိ လွန်ကဲစွာပူပြင်းခြင်း ၅ ရက် ဆက်တိုက် တိုင်းတာ ရရှိမှသာ အပူလှိုင်းဖြတ်တယ်လို့ ခေါ်ဆိုနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွက် ၂၀၂၅ ခုနှစ် နွေရာသီမှာ ဖြစ်လာနိုင်မဲ့ အပူချိန်က နှစ်စဉ်ဖြစ်မြဲ အပူချိန် အထက် ၁°C မှ ၁.၅°C အထိသာ ပိုမိုပူပြင်းတာ ရှိမယ်လို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရှိရ ကြောင်း သူ့ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ပြန်လည်ဖြေရှင်းထားပါတယ်။


ဦးဝင်းနိုင်ရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ရေးသားထားတာကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories