HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီဆိုတဲ့ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီဆိုပြီး သူမရဲ့သား ဦးထိန်လင်းက ပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 Jun 2024 9:28 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီဟု သတင်းထွက်။ သူ့သားထိန်လင်း အကုန်ဖွင့်ချလို့ တစ်နိုင်ငံလုံး အငိုမျက်ရည် ကျနေကြပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည် ဆုံးပြီဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် သေဆုံးသွားပြီဆိုတဲ့ အကြောင်းကို စစ်တပ်က သတင်းဖုံးနေတာ ဆိုတဲ့ အကြောင်းအရာနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့နဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေကို တမင်လိမ်လည် ပြောဆိုထားတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်ဆိုတဲ့အကြေင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP ကို ပြောဆိုလိုက်တဲ့အကြောင်း သတင်းဌာန အများအပြားမှာ ဇွန်လ ၂၀ ရက်နေ့က ဖော်ပြနေကြပါတယ်။

ဒီအကြောင်းကို အခြေခံပြီး အများပြည်သူ စိတ်ဝင်စားစေမယ့် ခေါင်းစဉ်တပ်ကာ တမင်ရည်ရွယ်ချက်ရှိရှိ လိမ်လည်ဖြန့်ဝေနေတာသာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာ အတိအကျကို ထုတ်မပြောပေမဲ့ နေပြည်တော် အကျဉ်းထောင်ဝင်းထဲက အထူးသီးသန့်ဆောက်လုပ်ထားတဲ့ အဆောင်မှာ ထိန်းသိမ်းခံထားရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သတ်ပြီး ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories