HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို AA သိမ်းပိုက်တယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီး တရုတ်နိုင်ငံနဲ့ လုပ်ကိုင်ခွင့် သဘောတူညီမှု ယူခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 May 2024 2:06 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကျောက်ဖြူ ရေနက်ဆိပ်ကမ်း AA ပြန်ရပြီ။ စစ်အုပ်စု လုပ်ကိုင်ခွင့် မရှိတော့ဘူး။ တရုတ်နဲ့ AA သဘောတူပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို AA သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Myanmar Now သတင်းဌာနမှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ ‘ရခိုင်ကို AA သိမ်းပါက စစ်ကောင်စီဆုံးရှုံးမည့် ဘီလျံချီ စီးပွားရေးလုပ်ငန်းများ’ ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။


သတင်းထဲမှာ ရခိုင်ပြည်နယ်အတွင်းက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုတွေအပါအဝင် နိုင်ငံတကာစီမံကိန်းတွေ ရှိတဲ့ နယ်မြေတွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်လာနိုင်မယ်ဆိုရင် ဝင်ငွေရရှိလာခြင်းထက် ပိုတဲ့ နိုင်ငံရေးချိန်ခွင်လျှာကို ရရှိလာမည်လို့ ခန်မှန်းနေကြတဲ့ အကြောင်းကို ဖော်ပြထားတာပါ။

Myanmar Now မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကို တရုတ်နိုင်ငံသားပညာရှင် သုံးရာကျော်နဲ့ စက်ပစ္စည်းယန္တရား၊ စားသောက်ကုန်တွေပါဝင်တဲ့ သင်္ဘောတစ်စီး ဧပြီလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်လာတဲ့အကြောင်း ကျောက်ဖြူမြို့ခံတွေက ပြောဆိုတဲ့အကြောင်း RFA သတင်းဌာနမှာ မေလ ၁ ရက်နေ့က ဖော်ပြထားပါတယ်။

ဒီသင်္ဘောဟာ မဒေးကျွန်းပေါ်က တရုတ်စီမံကိန်းဖြစ်တဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ အလုပ် လုပ်ကိုင်ဖို့ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ရောက်လာကြတာလို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

RFA သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို AA က သိမ်းပိုက်ပြီး တရုတ်နိုင်ငံနဲ့ လုပ်ကိုင်ခွင့် သဘောတူညီမှု ယူခဲ့တယ်ဆိုပြီး ဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories