HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ သတင်းအမှား

တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲပြီး သရုပ်ဆောင် အချို့ သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 11 Nov 2024 8:38 AM IST

ဒီအကြောင်းအရာကို Khit Thit Burma News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် ပွဲဆူကုန်ပြီဗျို့။ တရုတ်က ပြန်လာတဲ့ မအလ ကြိုဆိုပွဲ ဗုံးပေါက်ကွဲ။ ဘောသရုပ်ဆောင် ခန့်စည်သူ၊ ရန်အောင်၊ ဒိန်းဒေါင် မသာပေါ်ပြီ' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တရုတ်က ပြန်လာတဲ့ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဧရာဝတီ သတင်းဌာနမှာ နိုဝင်ဘာ ၁၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကူမင်းမှပြန်လာသည့် စစ်ခေါင်းဆောင်ကို အနုပညာရှင်တချို့ ကြို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့မှာ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ဆက်စပ် အစည်းအဝေးတွေ တက်ပြီး ပြန်လာတဲ့ စစ်ခေါင်းဆောင်ကို နေပြည်တော်လေဆိပ်မှာ အနုပညာရှင်အချို့ အပါအဝင် တရုတ်နွယ်ဖွား မြန်မာတွေ ကြိုဆိုခဲ့တယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာပါ။

ဒီသတင်းထဲမှာ စစ်ခေါင်းဆောင် ကြိုဆိုပွဲ ဗုံးပေါက်ကွဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား သတင်းတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories