ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Krovan Kamsan ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၂၇ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၃ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြင်းထန် သတိပေးပြီ’ လို့ ရေးသားကာ ဗွီဒီယိုဖိုင်ကာဗာမှာတော့ ‘တရုတ်နဲ့ ပြသနာကြီးပြီ။ NLD ကိုထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ’ ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ NLD ကိုထုတ်ပယ်မှုအကြောင်း၊ တရုတ်က သတိပေးတယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ခြင်း မရှိပါဘူး။ ဗွီဒီယိုဖိုင်ထဲမှာ စစ်ကောင်စီက ကျင်းပပြုလုပ်ပေးမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းဌာနတစ်ခုက ပြုလုပ်ထားတဲ့ အင်တာဗျူး အမေးအဖြေအသံဖိုင်ကို ယူပြီး တခြားရုပ်ပုံတွေနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်သာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ NLD ပါတီဘက်က ရပ်တည်မယ်ဆိုတဲ့ ကိစ္စတွေ တရုတ်ဘက်က တချက်တလေမှ ပြောထားတာ မရှိသလို တရုတ်မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။