အဆိုပါ သတင်းအတုကို Ye Min Khaung ဆိုတဲ့ဖေ့စ်ဘွတ်အကောင့်က လူများတဲ့ ဖေ့စ်ဘွတ် Group တွေထဲ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ ဒီသတင်းအမှားထဲမှာ “နိုင်ငံခြားသွားမယ် လူငယ်တွေ သတိထားကျပါ။ ကိုရီးယားသွားမယ့် လူငယ်တွေပါသွားပြီ” (သတ်ပုံမူရင်းအတိုင်း) လို့ ရေးသားကာ Comment ကို ဝင်ရောက်ကြည့်ရှု့ဖို့ ပြထားပါတယ်။ Comment နေရာမှာတော့ “အမှားခြစ်လေးတွေကို နှိပ်ဖျောက်ပြီး ကြည့်ပါ” လို့ ရေးသားကာ link ၂ ခုကို ချပေးထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို Like လုပ်ထားသူ ၁၀၀ ခန့်ရှိကာ မှတ်ချက်ရေးသားသူ ထပ်ဆင့်ဝေမျှသူတွေ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ကိုရီးယားသွားမယ့် လူငယ်တွေ ဖမ်းခေါ်သွားပြီး နိုင်ငံခြားသူမယ်သူတေွ သတိထားကြဖို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လွတ်မြောက်နယ်မြေကိုသွားကာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ဖို့ စာရင်းပေးသူတွေ များစွာရှိနေသလို နိုင်ငံခြားထွက်ခွာဖို့ ပြင်ဆင်နေသူတွေလည်း များစွာရှိနေပါတယ်။ လူပျောက်တယ်ဆိုတဲ့ သတင်းတွေရော ကောလဟာလတွေရော များစွာထွက်ပေါ်ပြီး လူထုကြားမှာ ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။
လူပျောက်သတင်းတွေ ကောလဟာလတွေ ရှိပေမယ့် ကိုရီးယားသွားမယ့်လူငယ်တွေ ပေါ်တာဆွဲခံရတဲ့ဖြစ်စဉ်တော့ မရှိပါဘူး။သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ link အတွင်းမှာလည်း ၎င်းရဲ့ ခေါင်းစဉ်မှာ ရေးသားထားသလို မပါဝင်ပါဘူး။ Website အတွင်းမှာ တစ်ခြားအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် ခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။