ဒီဖြန့်ဝေမှုတွေကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းကတည်းက စတင်ဖြန့်ဝေနေတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲချုပ် ( NLD) ပါတီက ထုတ်ပြန်ထားတယ်ဆိုတဲ့ ကြေညာချက်တစ်ခုလည်း ပါဝင်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ "Online ပေါ်တွင် ပျံ့နှံ့လျက်ရှိ သည့် ၁၀-၁၂-၂၀၂၁ ရက်နေ့အား အသံတိတ်သပိတ် (SilentStrikeDay)အဖြစ် သတ်မှတ်ခြင်းကို မိမိတို့အဖွဲ့ချုပ်အနေဖြင့် ညွှန်ကြားထားခြင်းမရှိကြောင်း၊ ၁၀-၁၂-၂၀၂၁ သည် အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့နေ့ ( သောကြာနေ့ ) ဖြစ်တဲ့အတွက် အသံတိတ်သပိတ်အဖြစ် သတ်မှတ်ခြင်းဟာ အခြားဘာသာဝင်တွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေကြောင်း၊ ထို့အတွက် ပုံမှန်အတိုင်းသွားကြရန်နဲ့ အသံတိတ်သပိတ်ပြုလုပ်မယ့် ရက်ကို ထပ်မံထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ကြောင်း" ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အသံတိတ်သပိတ်ရက်ပြောင်းလဲ ပြုလုပ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအမည်နဲ့ ကြေညာချက်ထုတ်ပြန်ပြီး ဖြန့်ဝေနေတာတွေဟာ အသိံတိတ်သပိတ်ကို အားလျော့နည်းအောင် ဖြန့်ချိနေတဲ့ သတင်းအမှား သတင်းအတုတွေသာ ဖြစ်တဲ့အကြောင်း Mizzima သတင်းမီဒီယာမှာ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဖော်ပြထားပါတယ်။
သတင်းထဲမှာ ဖြန့်ဝေနေတဲ့ အဆိုပြုစာကို NLD ပါတီရဲ့ တရားဝင် ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖော်ပြထားခြင်းမရှိကြောင်း၊ ဗဟိုပါတီဝင်အများစုဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်တဲ့အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အနေနဲ့ ခေါင်းစဉ်တပ်ပြီး ထွက်လာတာကိုက မှားနေတာဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ထွေးက ပြောဆိုကြောင်း ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းမီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။