HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရဲဝန်ထမ်းအမျိုးသမီးပုံ ခိုးယူသုံးစွဲပြီး NLD ထောက်ခံကြောင်းရေးသားတဲ့ပို့စ်

လူမှုကွန်ယက်ပေါ်မှာ အခြားသူများရဲ့ ဓါတ်ပုံကို ခိုးယူသုံးစွဲကာ ပုံစာအမျိူးထည့်သွင်းပြီး သတင်းအမှားဖြန့်ဝေမှူတွေ မကြာခဏ တွေ့နေရပါတယ်။

By - Boom Live Myanmar | 11 July 2020 8:28 AM IST

ဒီရက်ပိုင်းအတွင်းမှာ ရဲဝန်ထမ်း အမျိုးသမီး တစ်ယောက်ရဲ့ ဓါတ်ပုံ ကို ခွင့်ပြုချက် မယူဘဲ Photoshop နဲ့ပြုပြင်ကာ စာရေးသား ထားတဲ့ ဖေ့စ်ဘွတ်ပိုစ့်တစ်ခု ပျံ့နှံ့ခဲ့ပါတယ် ။ ဒီဓါတ်ပုံကိုအသုံးပြုပြီး Htun Htun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ဇူလိုင်လ ၃ ရက်နေ့ ၄ နာရီ ၂၇ မိနစ်မှာ သတင်းအမှားတစ်ပုဒ် ဖြန့်ဝေခဲ့ပါတယ်။

အဲ့ဒီ သတင်းအမှားထဲမှာ ရဲဝန်ထမ်း အမျိုးသမီးတစ်ယောက်ရဲ့ ဓါတ်ပုံပေါ်မှာ "ကျွန်မတို့ ရဲမေတွေကတော့ အမေဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရ NLD ပါတီကိုပဲ ထောက်ခံမဲ ပေးသွား။ လုံခြုံစိတ်ချ ရတာပေါ့။ ဒါပါဘဲ" လို့ ရေးသားထားပြီး "ရဲမေများရဲ့ ရင်ဖွင့်သံ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမှုကွန်ယက်ပေါ် ဖြန့်ဝေခဲ့ပါတယ်။

အဆိုပါ ခိုးယူသုံးစွဲထားတဲ့ ဓါတ်ပုံနဲ့ မဲဆွယ်ထားတဲ့ ပိုစ့်ကို ထပ်မံဝေမျှသူ ၅၀၀ ကျော် ရှိနေပြီး နောက်ထပ် ဖေ့စ်ဘွတ်အကောင့်တစ်ခုဖြစ်တဲ့ Thi Ha Hlaing ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုမှာ အဆိုပါ ရဲဝန်ထမ်း အမျိုးသမီး ဓါတ်ပုံကို အသုံးပြုပြီး "ကျမတို့ရဲမေတွေ ကတော့… အမေစု NLD ပြည်သူ့အစိုးရကိုပဲ ထောက်ခံမဲပေးသွားမယ် လုံခြုံစိတ်ချရအောင်လို့ပါတော်…နို့မို့ဆို…မလွယ်ဘူးတော်ရေ့… ဖာတန်း ရောက်ရချည်ရဲ့ရှင့်…နားနဲ့မနာ…ဖဝါးနဲ့နာကြပါရှင့် …အခုတော့ ကြားလို့မှ မသင့်တော်တော့ပါဘူး …ကောင်းကြသေးရဲ့လားရှင်…ကာမကိစ္စ ချေတော်တင်မှု့ ကိုပြောတာပါရှင်" (မူရင်းရေးသားထားသည့်အတိုင်း) လို့ ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ အောင်မျိုးထွန်းဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က အဆိုပါ စာသားတွေကို ကူးယူပြီး ပြန်တင်ထားပါတယ်။

သတင်းဆန်းစစ်ချက်

Htun Htun ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားဖော်ပြထားတဲ့ ရဲဝန်ထမ်း အမျိုးသမီးပုံကို အသုံးပြုပြီး မဲဆွယ်ထားတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ကာယံကံရှင် မသိအောင် ဓါတ်ပုံခိုးယူသုံးစွဲပြီး မဲဆွယ်ဝါဒ ဖြန့်ထားတာကို တွေ့ရပါတယ်။

အဆိုပါ ဖြန့်ဝေမှုအပေါ် ဓါတ်ပုံ ခိုးယူ အသုံးပြုခံရသူ ကာယကံရှင် ဖြစ်တဲ့ မဆုဝင့်ဝါနိုင်က ၎င်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် အခုလို ရေးသားခဲ့ပါတယ်။

"ကျွန်မ ၏ ခွင့်ပြုချက်မရှိဘဲ ကျွန်မပုံကိုယူသုံး၍ ပါတီ မဲဆွယ်ခြင်း ပြုလုပ်နေကြပါသည်။ ထို post များနှင့်ပက်သက်၍ ကျွန်မ တစ်စုံတစ်ရာ ပြဿနာရှိခဲ့ပါက post တင်သူများအား တရားစွဲ ပါမည်။ထို post များနှင့်ပက်သက်၍လည်း ကျွန်မနှင့် လုံးဝ(လုံးဝ) မသက်ဆိုင်ပါ။ ကျွန်မပုံကိုယူသုံး၍လည်း acc တုများစွာရှိပါသည်။ ကျွန်မ ယခုလက်ရှိ အသုံးပြုနေသော ဤ acc မှလွဲ၍ တစ်ခြား acc များနှင့်ပက် သက်၍လည်း ပြဿနာ တစ်စုံတစ်ရာရှိပါက ကျွန်မနှင့် လုံးဝမသက်ဆိုင်ပါ။ ကျွန်မacc မဟုတ်သော ကျွန်မဓာတ်ပုံများနှင့် ဖွင့်ထားသော acc အတုများနှင့် ပတ်သက်၍လည်း မည်သို့မျှ မပတ်သက်ပါ။ တာဝန်မယူပါ။"

သတင်းအမှား ဖြန့်ဝေခဲ့သူရဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါမှာလည်း မည်သူမည်ဝါမှန်း အတိအကျ ဖော်ပြထားခြင်း မရှိတဲ့အကောင့်တစ်ခု ဖြစ်တာကို တွေ့ရှိရပြီး မဲဆွယ်စည်းရုံးမှုတွေ ဝါဒဖြန့်ချီမှုတွေ ပြုလုပ်နေတာကို တွေ့ရပါတယ်။

  

Tags:

Related Stories