HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးမြို့ကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းအတု

မြို့သိမ်းတိုက်ပွဲတွေစတင်ဖေါ်ဆောင်နေတဲ့ကာလမှာ အထက်မြန်မာပြည် မန္တလေးမြို့ကို သိမ်းပိုက်သယောင်ရောထွေးဖြန့်ဝေထားတဲ့ သတင်းအမှားတစ်ပုဒ်ပေါ်ထွက်လာခဲ့ပါတယ်။

By - Boom Live Myanmar | 16 Nov 2023 11:19 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ မီးလောင်နေတဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူတစ် ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၁၃ ရက်နေ့ ရွှေပြည်စိုး စစ်ဆင်ရေး စပြီဗျို့၊ မန္တလေးမြို့ ဒီည သိမ်းပိုက်ပြီဟေ့၊ သူသေကိုယ်သေ ချကုန်ပြီ။ အပြင်မထွက်ကြပါနဲ့။ ဗိုလ်မှူးကြီးနဲ့ စစ်ခွေး ၁၅၀ မသာပေါ်ပြီ။” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၂ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၆၁၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးမြို့ကို သိမ်းပိုက်ပြီး သူသေ ကိုယ်သေ ချကုန်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေကစတင် စစ်ဆင်ရေး ၁၀၂၇ ဆိုပြီး စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တိုက်ခိုက်ကာ တိုက်ပွဲတွေ ဖော်ဆောင်နေပေမယ့် မန္တလေးမြို့မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်း မရှိသလို ဒီရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းယူခြင်းလည်း မရှိပါဘူး။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ မန္တလေးမြို့ကို သိမ်းပိုက်မယ့် ရွှေပြည်စိုး စစ်ဆင်ရေးစတင်မယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories