HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေကို ရခိုင်အမျိုးသားရေးအစွန်းရောက်တွေ လိုက်လံသတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းအတု

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလူမျိုးတွေကို ရခိုင်အမျိုးသားရေးအစွန်းရောက်တွေက လိုက်လံသတ်ဖြတ် နေတယ်ဆိုပြီး စစ်တပ်ထောက်ခံတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ၊ ချန်နယ်တွေကတဆင့် လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်နေပါတယ်။

By - Boom Live Myanmar | 18 Dec 2024 9:39 AM IST

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ဖေစ့်ဘွတ်အကောင့်တွေ၊ ဂရုတွေမှာလည်း ကူးယူဖြန့်ဝေနေတာတွေ ရှိပါတယ်။

ဖြန့်ဝေရာမှာ စက္ကန့်ပိုင်းသာ ကြာမြင့်တဲ့ Tiktok ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထိုင်းနိူင်ငံမှာ အလုပ်လုပ်နေတဲ့မြန်မာလူမျိုးတွေကို ရခိုင်အမျိုးသားရေးအစွန်းရောက်တွေက လိုက်လန်သတ်ဖြတ်နေတယ်လို့သိရပါတယ် ၊ အသေးစိပ်ကိုစုံးစမ်းပြီးဆက်လက်တင်ပြပေးပါမယ်' လို့ ရေးသားဖြန့်ဝေထားတာပါ။

ဗီဒီယိုကလစ်ထဲမှာလည်း 'ရခိုင်ကို လာမထိကေ့ ရခိုင်ဆိုးစားမျိုး ချိုက်တေ ဗမာနဲ့ ရခိုင်ရန်ဖစ်လို့ ရခိုင် တိစုစုလုံးလုံးရယ် ထိုင်းတနေရာ' ရခိုင်လူမျိုးတွေ ပြောလေ့ရှိတဲ့ ပုံစံနဲ့ စာရေးထားပါသေးတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်းနိုင်ငံမှာ မြန်မာလူမျိုးတွေကို ရခိုင်အမျိုးသားရေးအစွန်းရောက်တွေ လိုက်လံသတ်ဖြတ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ညအချိန် ရိုက်ကူးထားတဲ့ ဗီဒီယိုကလစ်တစ်ခုဖြစ်ပြီး နောက်ခံသီချင်းတစ်ပုဒ် ထည့်ထားတာ ကလွဲပြီး လူသတ်နေတယ်၊ ရန်ဖြစ်နေတယ်ဆိုတဲ့ အရုပ်ပြကွက်တွေ၊ အသံတွေ မပါဝင်ပါဘူး။

ဒါ့အပြင် ဒီလို လူမျိုးရေးအရ လိုက်လံသတ်ဖြတ်တဲ့၊ ရန်ရှာတိုက်ခိုက်တယ်ဆိုတဲ့ သတင်းတွေကို ယုံကြည်စိတ်ချရတဲ့ သတင်း မီဒီယာတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

လက်ရှိမှာ အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း ၁၃ မြို့ကို သိမ်းပိုက်ထားပြီဖြစ်ပြီး အမ်းမြို့မှာလည်း နပခ တခုထဲသာ ကျန်ရှိတော့တဲ့အတွက် စစ်တပ်ထောက်ခံသူတွေက လူမျိုးရေးပဋိပက္ခတွေ ဖြစ်ပွားလာအောင် တမင် လုပ်ကြံ ရေးသားဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

Tags:

Related Stories