HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်မှာ သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတု

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်မှာ သေဒဏ်ပေးလိုက်ပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Sept 2024 9:34 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

အဆိုပါ Video ရဲ့ နောက်ခံမှာ လူစုလူဝေးဖြစ်နေတဲ့ ဓါတ်ပုံတစ်ပုံရယ်၊ သမ္မတဦးဝင်းမြင့်ရဲ့ ဓါတ်ပုံရယ်၊သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တောင်ငူအကျဉ်းထောင်မှာ ပွဲဆူပြီ။ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့။ ပြည်သူတွေ အလောင်းပြန်တောင်းတာ မရဘူး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခြင်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်မှာ သေဒဏ်ပေးလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပုဒ်မ အမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးထားပြီး ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ အခုချိန်ထိလည်း တောင်ငူထောင်မှာ ဖမ်းဆီးထားဆဲဖြစ်ပြီး သေဒဏ်ပေးခြင်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories