HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးမြို့လယ်ကောင်ကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၂၀၀ ကျော်သေဆုံးတယ်ဆိုတဲ့ သတင်းအတု

မန္တလေးမြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ပြည်သူ ၂၀၀ ကျော်သေဆုံးတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ်ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 22 Sept 2024 9:03 PM IST

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။

အဆိုပါ Video ရဲ့ နောက်ခံမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခေါင်းဆောင်ရယ်၊ မီးတွေလောင်နေတဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူတစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “NUG နဲ့ TNLA မန္တလေးမြို့ကိုတိုက်ပြီ။ မန္တလေးမြို့လယ်ခေါင်မှာ စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၂၀၀ ကျော်သေဆုံး၊ အမြန်ရှောင်ပေးကြပါ။” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၁၂၀၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

မန္တလေးမြို့ပေါ်ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ပြည်သူ ၂၀၀ ကျော်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

မန္တလေးမြို့မှာ စစ်တပ် အာဏာသိမ်းပြီးစဉ်က အခုချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်လေ့ရှိကာ မြို့သိမ်းတိုက်ပွဲတေါအထိ ဖော်ဆောင်လာနိုင်ကာ မန္တလေးမြို့ကို ခြိမ်းခြောက်ထားနိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကတော့ မန္တလေးမြို့ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကာ မြို့ပေါ်ကို ဗုံးကြဲချခြင်းလည်း မရှိပါဘူး။ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories