HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်တပ် အင်အားမရှိတော့ဘူးလို့ စစ်ကောင်စီခေါင်းဆောင်က ဝန်ခံတယ်ဆိုတဲ့ သတင်းအတု

စစ်တပ်မှာ အင်အားမရှိတော့ဘူးလို့ စစ်ကောင်စီ ခေါင်းဆောင်က ဝန်ခံတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 27 Sept 2023 7:58 AM IST

အဆိုပါ သတင်းအတုကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ YouTube ချန်နယ်တစ်ခုက ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံကို သုံးထားပြီးတော့ ဓါတ်ပုံပေါ်မှာ “၂၁ ရက်နေ့ ကြောက်ကြောက်နဲ့ ပြောပြီ တပ်အင်အား မရှိတော့ကြောင်း ဝန်ခံ၊ မင်းအောင်လှိုင် လေသံပြောင်းပြီ” (မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၄ ရက်အတွင်း YouTube ပေါ်မှာ ဝင်ရောက် ကြည့်ရှုထားသူ ၁၁၀၀၀ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်တပ်မှာ အင်အားမရှိတော့ဘူးလို့ စစ်ကောင်စီ ခေါင်းဆောင်က ဝန်ခံတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ စစ်တပ်အင်အားနည်းနေတယ်လို့ တစ်ခါမှ ထုတ်ဖော်ပြောကြာခြင်း မရှိသလို ၎င်းတို့ အင်အားသာလွန်နေကြောင်း နေရာအနှံ့ကနေ ဝါဒဖြန့်နေဆဲသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း မပါဝင်ပါဘူး။ ဒီ video အတွင်းမှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ နေစားခပေးပြီး စစ်ကောင်စီ စည်းရုံးနေတယ်ဆိုတဲ့ သတင်းနဲ့ တစ်ခြားသတင်းအကြောင်းအရာတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု သူများအောင် သတင်းခေါင်းစဉ် ဓါတ်ပုံတွေမှာ လိမ်ညာရေးသားပြီး ကြည့်ရှုများအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories