HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအတု

လားရှိုးသတင်းကို ဖုံးဖိရန်ကြိုးစားမှုနဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းဖမ်းဆီးခံခဲ့ရပြီး သူ့နေရာမှာ ဗိုလ်မှူးဇော်မင်းဆိုသူကို ခန့်အပ်အစားထိုးတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 July 2024 2:10 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဇော်မင်းထွန်း ဇာတ်သိမ်းပြီဟေ့။ လားရှိုးသတင်းကို ဖုံးဖိရန်ကြိုးစားတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း ဖမ်းဆီးခံရ။ ဗိုလ်မှူးဇော်မင်းကို ဇော်မင်းထွန်းနေရာပြန်ခန့်' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဗိုလ်ချုပ်ဇော်မင်းထွန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media သတင်းဌာနမှာ ဇူလိုင်လ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'မိုးကုတ်နှင့်လားရှိုး မကျသေးဟု အကြမ်းဖက် စစ်ကောင်စီ၏ သတင်းမှန်ကြားရေးက ဖင်ပိတ် ငြင်းပြန်၊ သို့သော် ဇော်မင်းထွန်း ထွက်မရှင်းရဲဘဲ သူ့ကိုယ်စား အကြမ်းဖက် ဗိုလ်မှူး ဇော်မင်းဆိုသူ ထွက်ရှင်း' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

ပြောဆိုနေတဲ့ အကြောင်းအရာထဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းအနေနဲ့ ဇူလိုင် ၂၆ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပက်သတ်ပြီး ဖြေရှင်းထားချက်တစ်ခု ထုတ်ပြန်ထားပါသေးတယ်။


သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories