HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးသိန်းစိန် သမ္မတပြန်လုပ်နေပြီဆိုတဲ့သတင်းအတု

သမ္မတဟောင်း ဦးသိန်းစိန်က သမ္မတနေရာ ပြန်လည်ရယူလိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအတုတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Jun 2024 3:57 PM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Power ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင် အကုန်လုံးကိုဆွဲချပြီ။ ဦးသိန်းစိန် သမ္မတပြန်လုပ်နေပြီဟေ့' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှူ့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဦးသိန်းစိန် သမ္မတပြန်လုပ်နေပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အကြောင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆို ထားတာသာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၇ ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့အကြောင်း ရန်ကုန် တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ်နဲ့ ပက်သတ်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းက ထင်မြင်ချက်အမျိုးမျိုးပေးနေပေမယ့် သမ္မတနေရာ ပြန်လည်ရယူတယ်ဆိုတာ သတင်းအမှားပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories