HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဟွန်ဆန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနေပြီဆိုတဲ့ သတင်းအတု

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးနေပြီဆိုတဲ့ သတင်းအတုတွေ ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 16 Nov 2022 11:18 AM IST

အဆိုပါ သတင်းအတုကို Meas Davuth ဆိုတဲ့ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၈ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး ၁၀ မိနစ်ကျော် ကြာမြင်တဲ့ Video တစ်ပုဒ် တင်ထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဓါတ်ပုံရယ်ကို တစ်ပုံတည်းဖြစ်အောင် ပေါင်းထားပြီး ဓါတ်ပုံရဲ့ အပေါ်မှာ "ဟွန်ဆန် ရန်ကုန်ရောက်နေ ၊ ဒေါ်စုနဲ့ ဆွေးနွေးနေပြီ၊ ပြန်လွတ်ဖို့ သေချာနေပြီ" လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာလည်း "ဟွန်ဆန်နဲ့ ဒေါ်စု တွေ့ဆုံဆွေးနွေးနေပြီ" လို့ ဖြန့်ထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ စတင်းအတုကို Like လုပ်ထားသူ ၁၂၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂၉၀၀၀ ကျော်ရှိကာ YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှု့ထားသူ ၃၈၀၀ ကျော်ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလတ်ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

လက်ရှိမှာ ဟွန်ဆန်က မြန်မာပြည်ကို ရောက်ရှိနေခြင်း မရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်းလည်း မရှိပါဘူး။ ယခင် ၎င်းရောက်ရှိလာတဲ့ ဇန်နဝါရီလခန့်ကလည်း တွေ့ဆုံခဲ့ခြင်း မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့က ၎င်းတို့ Video မှာ ဟွန်ဆန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ဒေါ်စုကို ပြန်လွတ်ပေးတော့မယ်လို့ ရေးသားထားပေမယ့် Video အတွင်းမှာ အဆိုပါအကြောင်းအရာ တစ်လုံးမှ မပါဝင်ပါဘူး။ Video အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ထွက်ပေါ်ခဲ့တဲ့ တစ်နေ့တာ သတင်းတွေကို စုပြီး Video ပြုလုပ်ထားတာဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေကို လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဆက်တိုက်ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories