HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အင်းစိန်ထောင် ပါဆယ်ဗုံးပေါက်ကွဲမှု ထောင်ဝန်ထမ်း ၃၀ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းအတု

အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာ လက်ခံတဲ့နေရာမှာ ပါဆယ်ဗုံးပေါက်ကွဲမှုက အကျဉ်းထောင်ဝန်ထမ်း ၃၀ ဦးသေဆုံးသွားတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Oct 2022 8:19 AM IST

အဆိုပါ သတင်းအတုကို Today Entent ဆိုတဲ့ပေ့ချ်က တင်ထားတာဖြစ်ပြီး အောက်တိုဘာလ ၁၉ ရက်နေ့ နေ့ခင်း ၁ နာရီနဲ့ ၄၄ မိနစ်မှာ ရေးတင်ထားတာဖြစ်ပြီး ၇ မိနစ်ကျော် ကြာမြင့်တဲ့ Video တင်ထားကာ "အင်းစိန်ထောင်တွင် ကြမ်းကြပြီ" ဆိုတဲ့ စာသားရေးသားကာ လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ အင်းစိန်ထောင်ဘူးဝက ဓါတ်ပုံတစ်ပုံရယ်၊ အိမ်တွေမီးလောင်နေတဲ့ ဓါတ်ပုံတစ်ပုံကို ပေါင်းထားကာ ဓါတ်ပုံပေါ်မှာ "အင်းစိန်ထောင်မှာ ပါဆယ်ဗုံးပေါက်ကွဲ၊ ထောင်ဝန်ထမ်း (၃၀) သေဆုံး၊ ထောင်အကျဉ်းသား (၃) ထောင် ထွက်ပြေးကုန်ကြပြီ" လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ဖေ့စ်ဘွတ်ပေါ်မှာ Like လုပ်ထားသူ ၁၁၀၀၀ ကျော်နဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၂ သိန်းနီးပါးရှိကာ ထပ်ဆင့်ဝေမျှသူ ကူးယူဖော်ပြသူတွေ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

အင်းစိန်ထောင်မှာ ပါဆယ်ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း ၃၀ ကျော် သေဆုံးပြီး ထောင်အကျဉ်းသား ၃၀၀၀ ကျော် ထွက်ပြေးသွားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

အင်းစိန်ထောင် ပါဆယ်ဗုံးပေါက်ကွဲမှုမှာ ထောင်ဝန်ထမ်း ၃၀ သေဆုံးတယ်လို့ ရေးထားခြင်းက သတင်းအမှားသက်သက်သာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ထောင်ဝန်ထမ်း ၃ ဦးသာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်တစ်ခုလုံးမှာ ထောင်ဝန်ထမ်း ၃ ဦးနဲ့ ထောင်ဝင်စာလာတွေ့သူ အရပ်သား ၅ ဦးဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၈ ဦးဖြစ်ပြီး ဒဏ်ရာရသူ ၁၃ ဦး ထိရှိခဲ့ပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်ဟာ ထောင်ဘူးဝက ထောင်ဝင်စာ ပါဆယ်လက်ခံတဲ့နေရာမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး မည်သည့်ထောင်အကျဉ်းသားမှ လွတ်မြောက်သွားခြင်းလည်း မရှိပါဘူး။ ဒီ Video ပေါ်မှာ ရေးသားထားတဲ့ ထောင်ထဲက အကျဉ်းသာ ၃၀၀၀ ထွတ်ပြေးလွတ်မြောက်သွားတယ်ဆိုတာလည်း သတင်းအမှားသာ ဖြစ်ပါတယ်။ 

အင်းစိန်ထောင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ထိခိုက် သေဆုံးခဲ့တဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။

Video ကိုဖြန့်ဝေရာမှာ အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း ၃၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပေမယ့် Video ရဲ့ အတွင်းမှာတော့ တစ်နေ့တာ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို နောက်ခံအသံနဲ့ သတင်း Video ပုံစံ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Page ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားကာ clickbaits သတင်းတွေနဲ့ ငွေရှာနေတဲ့ အဖွဲ့တွေဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories