ဒီဖေစ့်ဘွတ်ပေချ့်အတုတွေဟာ နာမည်ရ ဘဏ်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဓါတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ နာမည်တွေကို ရယူအသုံးပြု လိမ်လည်နေတာဖြစ်ပြီး လာရောက်ဆက်သွယ်သူတွေဆီက ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံကာ လိမ်လည်နေတာဖြစ်ပါတယ်။
လိမ်လည်ရာမှာ အချို့က နာမည်ကြီး ဘဏ်လုပ်ငန်းရှင်တွေရဲ့ ပုံကို အသုံးပြုကာ 'ဦးဇော်ဇော်နှင့်ညီကိုများ အွန်လိုင်းအရစ်ကျ ချေးငွေလုပ်ငန်း' ဆိုတဲ့ ပေချ့်တွေဖွင့်ပြီး လိမ်လည်သလို အချို့က နာမည်ကြီး ရွှေနှင့် ရတနာပစ္စည်း အရောင်းဆိုင်တွေနာမည် အသုံးပြုကာ 'အောင်သမာဓိ ချေးငွေ' ၊ 'ဇွဲထက် ချေးငွေလုပ်ငန်း' ဆိုတဲ့ နာမည်တွေနဲ့ လိမ်လည်နေတာပါ။ တချို့ လိမ်လည်မှုတွေမှာတော့ နာမည်ရ ဘဏ်တွေရဲ့ နာမည်တွေ အသုံးပြုထားပါတယ်။
လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေရဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အွန်လိုင်းမှာ ချေးငွေဝန်ဆောင်မှုပေးတယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်တွေအကြောင်းကို BOOM က မကြာခန သတင်းဆန်းစစ်ပေးနေမယ့် ဖေစ့်ဘွတ်ပေချ့်အတုတွေကလည်း အသစ်အသစ်တွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။
BOOM အနေနဲ့ ဖြန့်ဝေရာမှာ ဖော်ပြထားတဲ့ ဖုန်းတွေကို ဆက်သွယ်ကြည့်ရာမှာ အများစုက ပိတ်ထားတာ တွေ့ရပြီး အချို့ ပြန်လည်ဖြေကြားတဲ့ ဖုန်းတွေကလည်း သတင်းမီဒီယာက ဆက်သွယ်ကြောင်း သိရှိတာနဲ့ ဖုန်းချပစ်ခြင်း၊ ဖုန်းနံပါတ်တွေကို ဘလော့ခြင်းတွေ ပြုလုပ်တာ တွေ့ရပါတယ်။
လက်ရှိအွန်လိုင်းမှာ ချေးငွေဝန်ဆောင်မှုလုပ်ငန်းဆိုပြီး လိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့မှာ ဦးဇော်ဇော်နှင့်ညီကိုများ အွန်လိုင်းအရစ်ကျ ချေးငွေလုပ်ငန်း၊ SME၊ ဇွဲထက်၊ မြစိမ်းရောင်၊ Kbz agent ချေးငွေ၊ ဦးမောင်မောင်၊ ကမ္ဘာရတနာ၊ ချေးငွေလုပ်ငန်း အမှန်အကန်၊ ရွှေမြန်မာ၊ အောင်ရတနာ၊ မိုင်မီတာ၊ အောင်သမာဓိ၊ မြရတနာ၊ အောင်ရတနာ၊ Kbz bank online ချေးငွေ၊ ပြည့်ဖြိုးစံ၊ စိန်သရဖူ၊ ထိုင်း မြန်မာ ချေးငွေ၊ ဦးသိန်းထွန်း၊ စိန်မိသားစုနဲ့ ဦးသိန်းထွန်း ဆိုတဲ့ ပေချ့်တွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်များအတွင်း BOOM က သတင်းဆန်းစစ်ခဲ့တဲ့ အွန်လိုင်းချေးငွေနဲ့ ပက်သက်တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။