လက်ရှိဖြစ်ပွားနေတဲ့ ငလျင်ဘေးအတွက်လို့ ဆိုကာ မတ်လ ၂၈ ရက်နေ့ ညပိုင်းက စတင်ပြီး အလှူခံပိုစ့်တွေ တင်ပြီး ကောက်ခံနေတာဖြစ်ပါတယ်။
လိမ်လည်တဲ့ ပိုစ့်တွေမှာ သရုပ်ဆောင်အချို့နာမည်တွေနဲ့အတူ အလှူငွေ ဘယ်လောက်လှူပြီး လက်ခံရရှိထားကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ အတုတွေနဲ့ ဖေစ့်ဘွတ်ပေါ်မှပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒီ ‘သဘာဝ ဘေး အတွက် လိုအပ်တဲ့ နေရာများ ကူညီရန်’ လို့ ခေါင်းစဉ်တပ်ပြီး လိမ်လည်နေတဲ့ ဖြန့်ဝေမှုတွေကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ ဖေစ့်ဘွတ်ပေချ့်အတု ဖြစ်တာကို တွေ့ရပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ 'ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ' ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်နဲ့ နာမည်ဆင်တူယိုးမှားပေးကာ လိမ်လည်နေတာ ဖြစ်ပါတယ်။
ခိုင်နှင်းဝေရဲ့ ဂေဟာပေချ့်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ စတင်ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိမှာ ဖော်လိုဝါ ၅ သိန်းကျော် ရှိနေပါတယ်။
'ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ' ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အခု လိမ်လည်အလှူခံနေတဲ့ ပေချ့်အတုကတော့ 'ခိုင်နှင်းဝေ မိဘမဲ့ကလေးများဂေဟာ' လို့ နာမည် ဆင်တူယိုးမှား ပေးထားတာ ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းကမှ ဖွင့်ထားတာ ဖြစ်ပါတယ်။
ဒီဖေစ့်ဘွတ်ပေချ့်အတုမှာ လက်ရှိအချိန်ထိ Like လုပ်ထားသူ သုံးထောင်နီးပါးနဲ့ ဖော်လိုဝါ ခြောက်ထောင်ကျော် ရှိနေပါတယ်။
အလှူငွေလိမ်လည်နေတဲ့ ဖေစ့်ဘွတ်ပေချ့်အတုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
လက်ရှိမှာ သဘာဝဘေး အတွက် အလှုငွေ သိန်း (၄) ထောင်ခန့် ရရှိထားပြီး မန္တလေးနဲ့ စစ်ကိုင်းဒေသတွေကို ငွေသားတွေ သွားရောက်ကူညီမှာ ဖြစ်တယ်လို့ သရုပ်ဆောင် ခိုင်နှင်းဝေက သူ့ရဲ့တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၂၉ ရက်နေ့ ညပိုင်းက ဖြန့်ဝေထားပါတယ်။
ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။