ဒီအကြောင်းအရာကို ARAKAN KYAW ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် စက္ကန့်ပိုင်းသာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ဘေး ရေဘေး ဒုက္ခအမျိုးမျိုးကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေရဲ့ဘဝ။ မြန်မာပြည်အမြန် ငြိမ်းချမ်းပါစေ' လို့ ရေးသားထား ပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ခက်
ဖြန့်ဝေနေတဲ့ ဗီဒီယိုကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ကို ကူးယူကာ စာရေးပြီး ပြန်လည် ဖြန့်ဝေထားတာ ဖြစ်တာကို တွေ့ရပါတယ်။ဒီဗီဒီယိုကလစ်ကို ဩဂုတ်လအတွင်းမှာကတည်းက ဘင်္ဂလားဒေရှ့် နဲ့ အိန္ဒိယနိုင်ငံက Youtuber တွေ အများအပြားက သူတို့ ချန်နယ်တွေမှာ တင်ထားကြတာပါ။
အောက်ပါပုံမှာ ကြည့်ပါ။
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း ရေးကြီးရေလျှံမှုကြောင့် လူအများ ဒုက္ခရောက်နေချိန်မှာ မိမိတို့ ဖေစ့်ဘွတ်ပေချ့် တွေ၊ အကောင့်တွေ ဖော်လိုဝါတိုးလာစေဖို့ အခုလို ဗီဒီယိုဖိုင်အတု၊ ဓာတ်ပုံအတုတွေ ဖန်တီးဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။