ဒီဖြန့်ဝေမှုတွေကို သြဂုတ်လ ၁၅ ရက်နေ့မှာ စတင်လာတာ ဖြစ်ပြီး "NUG အစိုးရ အသိအမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘာသာရေးအကြောင်းပြုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ "NUG မှ အသိမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး၊ ရခိုင်ပြည်နယ် သံတွဲခရိုင် ရွှေလှေတိုက်နယ် ဘုရားမော်အုပ်စု (ငွေတောင်) တောင်ပေါ်ရှိ စေတီတော်တစ်ဆူမှ ဗုဒ္ဓရုပ်ပွားတော်တွေ အာစ္စလာမ်ဘာသာဝင် တစ်ဦးက အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ရွှေလေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မောင်မောင်လေးက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ထားကြာင်း" ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အခုဖြန့်ဝေနေတဲ့ အကြောင်းအရာဟာ တကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဖျက်ဆီးမှုကြောင့် သံတွဲမြို့နယ် ရွှေလှေတိုက်နယ် ဘုရားမော်ရွာ ငွေတောင်စေတီရှိဗုဒ္ဓဆင်းတုတော် အနည်းဆုံး ၄ ဆူ၏ ဦးခေါင်းတော်များ ကျိုးပျက်သွားခဲ့တယ်လို့ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့ (BNI) ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းကို BNI မှာ၂၀၁၇ ခုနှစ် မေလ ၁၄ က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အောက်ပါပုံကို ကြည့်ရှု့ပါ။
ဒီအကြောင်းအရာဟာ အမှန်တကယ်ဖြစ်ခဲ့တယ် ဆိုပေမယ့်သတင်းဟောင်းကို အသုံးပြုပြီး အခုဖြစ်နေသလို ရည်ရွယ်ချက်ရှိရှိ ပြန်လည်ဖြန့်ဝေလာတာ ဖြစ်ပါတယ်။
BNI မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။