သတင်းအတု

KNU နဲ့ PDF အင်အားသုံးသိန်း ရန်ကုန်မြို့ထဲ တပ်ဖြန့်ထားတယ်ဆိုတဲ့ သတင်းအမှား

KNU နဲ့ PDF အင်အားသုံးသိန်း ရန်ကုန်မြို့ထဲ တပ်ဖြန့်ထားကာ သာကေတရဲစခန်းမှ ရဲ (၂၀) သေပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 18 March 2023 7:55 PM IST

KNU နဲ့ PDF အင်အားသုံးသိန်း ရန်ကုန်မြို့ထဲ တပ်ဖြန့်ထားတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Full Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘သာကေတ ရဲစခန်း ရဲ(၂၀) သေပြီ။ KNU/PDF အင်အား (၃) သိန်း ရန်ကုန်မြို့ထဲ တပ်ဖြန့်ထားပြီ’ လို့ ရေးသားဖြန့်ဝေထားတာပါ။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူကို မျှောလင့်ချက်အမှားတွေပေးတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ KNU နဲ့ PDF အင်အားသုံးသိန်း ရန်ကုန်မြို့ထဲ တပ်ဖြန့်ထားတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ဟာ အခြားသတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြုပြင်ထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories