အဆိုပါ သတင်းအတုကို Ly La ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က နိုဝင်ဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး ၂၆ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး Video ရဲ့ နောက်ခံ ဓါတ်ပုံပေါ်မှာ တိုက်လေယာဉ်တွေ ပျံသန်းနေတဲ့ ဓါတ်ပုံတစ်ပုံကို အသုံးပြုထားပါတယ်။ ၎င်း ဓါတ်ပုံရဲ့ အပေါ်မှာတော့ " ၂၃ ရက်နေ့ အကြီးစား လေယာဉ် ၂ စီး မြေခပြီ ဒါမှ AA ကွ" လို့ ရေးသားထားပါတယ်။ လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ ပစ်ချခံရလို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ Video ကို Like လုပ်ထားသူများစွာနဲ့ ဝင်ရောက်ကြည့်ရှု့ထားသူ ၁၀၀၀ ကျော်ရှိကာ တစ်ခြားဖေ့စ်ဘွတ်အကောင့်တွေနဲ့ YouTube ပေါ်မှာပါ ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီရဲ့ လေယာဉ် ၂ စီးကို AA က ပစ်ချလိုက်တယ်ဆိုတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လိမ်ညာဖြန့်ဝေထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီ Video ဟာ ကြည့်ရှု့သူ အရေအတွက်များအောင် လိမ်ညာဖြန့်ဝေပြီး Viewers အရေအတွက်ကနေ ဝင်ငွေရှာနေတဲ့ Clickbaits သတင်းတစ်ပုဒ်သာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ပစ်ချခံထားရခြင်း မရှိသလို AA က လေယာဉ် ၂ စီးပစ်ချတယ်ဆိုတာလည်း သတင်းအတုသာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းအမှား Video ရဲ့ အတွင်းမှာ AA က လေယာဉ် ၂ စီး ပစ်ချလိုက်တယ်လို့ ဆိုထားပေမယ့် Video အတွင်းမှာတော့ အဆိုပါ အကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ သံဃာတော် တစ်ပါးက စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အကြောင်း ပြောကြားထားတဲ့ Video ကို တင်ထားတာ ဖြစ်ပါတယ်။ AA နဲ့ ပတ်သက်တာ လေယာဉ် ပစ်ချခံရတာ မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှု့သူ အရေအတွက်ကနေ ဝင်ငွေပြန်ရှာနေတဲ့ Clickbaits သတင်းတွေ ဖြန့်ဝေနေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။