အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တဆင့် လူမှုကွန်ယက် စာမျက်နှာ အသီးသီးမှာ ဖြန့်ထားကြတာ ဖြစ်ပြီး သတင်းအမှားထဲမှာ “ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများထံမှ ငွေစက္ကူများကို AA အကြမ်းဖက် အဖွဲ့က သိမ်းယူကာ A4 စက္ကူကို ထွန်းမြတ်နိုင်ပုံဖြင့် Print ထုတ်ပြီး AA အဖွဲ့ကပြန်ပေးနေသည့်အတွက် ဒေသတွင်းရှိ ပြည်သူများစိတ်ညစ်နေ။” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် Threads လူမှုကွန်ယက်ပေါ် ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
AA က ရခိုင်ပြည်သူတွေရဲ့ ငွေစက္ကူတွေ သိမ်းပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပုံတွေ ထုတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်၊ စခန်းအများစုကို AA က သိမ်းပိုက်ထားနိုင်ပြီး ကျန်တဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေပါတယ်။ AA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လာနိုင်လို့ ရခိုင်ပြည်သူတွေအပေါ် လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက် တစ်ချို့ရှိပေမယ့် ပြည်သူတွေရဲ့ ပိုက်ဆံကို သိမ်းယူတာတွေ၊ ပိုက်ဆံတွေနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ပုံတွေ Print ထုတ်ပြီး လဲလှယ်တဲ့ ဖြစ်စဉ်တော့ မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ စစ်ကောင်စီ ထောက်ခံသူတွေက လုပ်ကြံရေးသားပြီး ဝါဒဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။