HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မန္တလေးမြို့က ဂရိတ်ဝေါလ်ဟိုတယ် ထပ်မံပြိုကျပြီး လူအများအပြားပါသွားတယ်ဆိုတဲ့ သတင်းအမှား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ပွားပြီး လူအများအပြား ပါသွားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 12 April 2025 5:59 PM IST

ဒီအကြောင်းအရာကို ဧပြီလ ၆ ရက်နေ့ နေ့လည်ပိုင်းကစပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိပါတယ်။

အချိဲ့ ဖြန့်ဝေမှုတွေမှာ ‘ဂရိတ်ဝေါ ခုပဲ မျက်စိရှေ့တင်ပြိုကျ’ လို့ ရေးသားထားတဲ့ ကြာချိန် စက္ကန့်၃၀ ဝန်းကျင်ရှိ ဗီဒီယို ကလစ် တစ်ခုနဲ့အတူ ‘အင်အားပြင်း ငလျင်ကြောင့် ပျက်စီးနေတဲ့ ဂရိတ်ဝေါ ဟိုတယ်ကတော့ လေပြင်းတိုက် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပြိုကျသွားခဲ့တာဖြစ်ပါတယ်’ လို့ ရေးသားထားပါတယ်။

အချို့ဖြန့်ဝေမှုတွေမှာတော့ 'မန္တလေးမြို့ ချန်ချိန်ဟော်တယ်မြေပြိုမူ့ဖြစ်ပွားလူအများအပြားပါသွားဟုသိရ' လို့ ရေးသား ထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်ဆန်းစစ်ချက်

ဂရိတ်ဝေါလ်ဟိုတယ် ထပ်မံပြိုကျတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ like နဲ့ ဖော်လိုဝါတွေ ရဖို့ တမင်လုပ်ကြံဖန်တီးဖြန့်ဝေနေတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က ဂရိတ်ဝေါလ်ဟိုတယ်ကို ဧပြီ ၆ရက် နံနက်ပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးတွေ ရပ်နားပြီး အပြီးသတ် ဖြိုချခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဟိုတယ်ရှေ့ ၈ လမ်းမကြီးကိုပိတ်ပြီး ဖြိုချခဲ့တာဖြစ်ကြောင်း၊ ရုပ်အ​လောင်းအချို့ ထပ်တွေ့ရတယ်လို့ ကယ်ဆယ်​ရေး လုပ်​နေသူ​တွေက ​ပြောဆိုကြောင်း ရေးသားထားပါတယ်။


သတင်းထဲမှာ အဆောက်အအုံပြိုကျပြီးနောက် ကူညီကယ်ဆယ်ရေးအချိန်မီ မလုပ်နိုင်တဲ့အတွက် ကာယကံရှင် မိသားစု တွေနဲ့ ဒေသခံတွေအကြား ဝေဖန်မှုတွေရှိသလို ဟိုတယ်အတွင်းကနေ သေဆုံး ရုပ်အလောင်း ၂ ဦးနဲ့ အသက်ရှင်သူ၂ ဦး တို့ကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း ရေးသားထားပါတယ်။

People's Spring သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories