HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မျောက်ကျောက်ရောဂါအတွက် လော့ဒေါင်းချဖို့ ပြင်ဆင်ထားရန် အစိုးရတွေကို WHO ညွှန်ကြားမထားပါ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က မျောက်ကျောက်ရောဂါ ဖြစ်ပွားနေမှုအတွက် လော့ဒေါင်းကြီးကြီးမားမား ချဖို့ ပြင်ဆင်ထားရန် အစိုးရတွေကို ညွှန်ကြားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 30 Aug 2024 2:00 AM GMT

ဒီအကြောင်းအရာကို Thread ဆိုရှယ်မီဒီယာပေါ်မှာ ဩဂုတ်လ ၁၆ ရက် ဝန်းကျင်က စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ရဲ့ ပုံပါဝင်တဲ့ မျောက်ကျောက်ရောဂါ အတွက် လော့ဒေါင်းချဖို့ ပြင်ဆင်ထားရန် အစိုးရတွေကို WHO ညွှန်ကြားလို့ အဓိပ္ပာယ်ရတဲ့ 'WHO Orders Governments To Prepare for ‘Mega Lockdowns’ Due to ‘Deadly Monkeypox’ Strain.' စာသားပါ ပုံကို ဖြန့်ဝေနေတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီပုံကိုတော့ သတင်းမှားတွေ ဖြန့်ဝေလေ့ရှိတဲ့ The People's Voice ဆိုတဲ့ ဝက်ဆိုက်မှာ ဩဂုတ်ဖြန့်ဝေထားတဲ့ အကြောင်းအရာကို screenshot ရိုက်ယူထားတာဖြစ်ပါတယ်။

The People's Voice ဆိုတဲ့ ဝက်ဆိုက်မှာ ဖြန့်ဝေထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် အစိုးရတွေအနေနဲ့ လော့ဒေါင်းချဖို့ ပြင်ဆင်ထားဆိုတဲ့ ကိစ္စကို ထည့်သွင်းပြောကြားထားတာ မရှိပါဘူး။

WHO ရဲ့ ကြေညာချက်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် The People's Voice ဆိုတဲ့ ဝက်ဆိုက်ရဲ့ ဖြန့်ဝေချက်ကို သတင်းမှားတွေ စိစစ်နေတဲ့ LOGICALLY FACTS ဆိုတဲ့ သတင်းဌာနက သတင်းဆန်းစစ်ထားပါသေးတယ်။

ဒီသတင်းဆန်းစစ်ချက်ထဲမှာ WHO က မီဒီယာ ပြောရေးဆိုခွင့်ရှိသူ Tarik Jašarevic က မျောက်ကျောက်ရောဂါနဲ့ ပက်သတ်ပြီး အစိုးရတွေကို လော့ဒေါင်းချဖို့ ပြင်ဆိုင်ခိုင်းတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့လည်း ပြန်လည်ငြင်းဆိုထားပါတယ်။


LOGICALLY FACTS ရဲ့ သတင်းဆန်းစစ်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories