HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒီငွေတွေက မြန်မာပြည်အတွက် လှုဒါန်းတာ မဟုတ်ပါ

လူမှုကွန်ယက်ပေါ်မှာ ထိုင်းနိုင်ငံက ဓါတ်ပုံအဟောင်းတွေအသုံးပြုပြီး မြန်မာပြည်အတွက် လှုဒါန်းထားတဲ့ ငွေတွေအဖြစ် ရေးသားဖြန့်ဝေမှတဲ့ သတင်းအမှားတွေပြန့်နှံ့နေပါတယ်။

By - Boom Live Myanmar | 28 April 2021 9:34 AM IST

အဆိုပါ အကြောင်းအရာကို ကို ဧပြီလ ၂၄ ရက်နေ့ဝန်းကျင်က လူမှုကွန်ယက်ပေါ် ဖြန့်ဝေနေကြတာကို တွေ့ရပြီး ပုံထဲမှာတော့ ထိုင်းနိုင်ငံက ပိုက်ဆံတွေကို လူ ၂၀ ဦးခန့်က ဝိုင်းပြီးရေတွက်နေတဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပါတယ်။ အဆိုပါ ဓါတ်ပုံတွေနဲ့အတူ "OMG Thanks Thailand အလှူရှင်များ ကျန်မာ ချမ်းသာကြပါစေ ဒီထက်မလှူနိုင် ကြပါစေ ထိုင်းကမရေမတွက်နိုင်တဲ့ အလှူ ငွေများ။ အရေးတော်ပုံအောင်ရမည်" လို့ ရေးသားထားပါတယ်။

အဲ့ဒီ ဓါတ်ပုံတွေကို အသုံးပြုပြီး ဖြန့်ဝေထားတဲ့ သတင်းအမှားတွေကို လူမှုကွန်ယက်ပေါ် ဖေ့စ်ဘွတ်အကောင့်ပေါင်း များစွာနဲ့ ဖြန့်ဝေနေကြပါတယ်။

သတင်းဆန်းစစ်ချက်

လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတဲ့ ထိုင်းနိုင်ငံက ပိုက်ဆံတွေ ရေတွက်နေတဲ့ ပုံနဲ့ မြန်မာပြည်အတွက် လှူဒါန်းတယ်ဆိုတဲ့ ပုံစံမျိုး ရေးသားဖြန့်ဝေနေတဲ့ အကြောင်းအရာတွေကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ၂၀၁၇ ခုနှစ်က ဓါတ်ပုံ အဟောင်းတွေ ဖြစ်ကြောင်း တွေ့ရပါတယ်။

အဆိုပါ ဓါတ်ပုံထဲက ပိုက်ဆံတွေဟာ ထိုင်း Rock ဂီတ အဆိုတော် Artiwara Kongmalai ခေါ် Toon က ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပရဟိတ အလုပ်တွေအတွက် ထိုင်းဘတ်ငွေ သန်း ၇၀၀ လှူဒါန်းခဲ့စဉ်က ဓါတ်ပုံတွေ ဖြစ်ပါတယ်။

ထိုင်းငွေ ဘတ် သန်း ၇၀၀ လှူဒါန်းခဲ့တဲ့ သတင်းကို ဒီ Link မှာ ဖတ်နိုင်ပါတယ်။


ဒီပုံတွေဟာ မြန်မာပြည်ကို လှူဒါန်းတဲ့ ပုံတွေ မဟုတ်သလို အခုကာလမှာ ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်က ပုံ အဟောင်းတွေသာ ဖြစ်ပါတယ်။

 


Tags:

Related Stories