HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီက ကံမရွာကို မီးရှို့ပြီးနောက် တန်ပြန်ဖြန့်လာတဲ့ သတင်းအတု

စစ်ကောင်စီတပ်က ကံမရွာကို မီးရှို့ပြီးနောက် တန်ပြန်ဖြန့်လာတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 9 Jan 2025 10:32 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက တဆင့် လူမှုကွန်ယက်ပေါ်ဖြန့်ထားတာ ဖြစ်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းကို အချက်အလက်စစ်ဆေးတယ်ဟု ဆိုကာ “ဒီသတင်းက တမင်လုပ်ကြံဖန်တီးထားတဲ့ သတင်းအတုဖြစ်ပါတယ် မယုံကြဖို့ တိုက်တွန်းလိုပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာကို စကစတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိသလို ဒေသခံများကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းသိရပါတယ်” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအမှားကို တယ်လီဂရမ်ချန်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်ပေါင်းများစွာကပါ ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံမရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခြင်း မရှိဘူးလို့ ဖြန့်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒီသတင်းအမှားကို တင်တဲ့အဖွဲ့ဟာ Fact Check အမည်ပေးထားပြီး တန်ပြန်ဝါဒဖြန့်နေတဲ့ အဖွဲ့ဖြစ်ပြီး စစ်ကောင်စီတပ်တွေ ကံမရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့တဲ့ သတင်းကို ဖုံးကွယ်ဖို့ ဖြန့်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကံမရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဖမ်းခံရသူတွေထဲမှာ ၁ လအရွယ်ကလေး ၁ ဦး၊ ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး၊ အသက် ၉၀ အရွယ် သက်ကြီးပိုင်းတချို့နဲ့ လူလတ်ပိုင်းအမျိုးသား၊ အမျိုးသမီးတွေပါဝင်ပြီး စုစုပေါင်း ၁၀၀ ဦးဝန်းကျင်လောက်ရှိတယ်လို့ မြေလတ်အသံ သတင်းဌာနကလည်း ဖော်ပြထားသလို Rfa အပါအဝင် သတင်းဌာန အများစုမှာလည်း ဖော်ပြထားပါတယ်။

မြေလတ်အသံ နဲ့ Rfa က ဖော်ပြခဲ့တဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories