HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဦးအောင်ဆန်းဦးကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ သတင်းအမှား

နေအိမ် အမွေခဲ့မှုနဲ့ ပတ်သက်‌ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာလရှည်ကြာ အငြင်းပွားမှု ဖြစ်နေတဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးကို စစ်ကောင်စီက နေအိမ်မှာ ရှိနေစဉ် ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 31 Jan 2024 12:32 PM IST

ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘အမေစုနေအိမ်အား အပိုင်လိုချင်နေတဲ့ မျိုးမစစ် အောင်ဆန်းဦးအား နေအိမ်မှာရှိနေစဉ် ဒရုန်းဖြင့် စစ်ကောင်စီမှ လုပ်ကြံသတ်ဖြတ်’ လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဦးအောင်ဆန်းဦးကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည် နေထိုင်နေသော အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း အမေရိကန်ဒေါ်လာ သန်း ၉၀ လေလံ ကြမ်းခင်းစျေး စစ်ကောင်စီတရားရုံးက သတ်မှတ်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ဦးအောင်ဆန်းဦးကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်မှု မရှိပါဘူး။


Khit Thit Media မှာ ဖော်ပြထားတဲ့သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ဟာ နေအိမ် အမွေခွဲမှုနဲ့ ပတ်သက်ပြီး ကာလရှည်ကြာ အငြင်းပွား နေခဲ့ရာက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်က အိမ်ကို ကြမ်းခင်းစျေး ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့်) နဲ့ လေလံတင်ရောင်းချဖို့ ရန်ကုန်တိုင်း ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Tags:

Related Stories