HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းအမှား

အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ မိသားစုဝင်အားလုံး လက်ရှိစစ်ခေါင်းဆောင်ကို ဖြတ်ချဘို့ ကြံစည်မှုနဲ့ ဖမ်းဆီးခံရတယ် ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 19 April 2025 8:50 AM IST

ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီလ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဦးသန်းရွှေ ဖမ်းဆီးခံရပြီ။ မင်းအောင်လှိုင် ပစ်ခတ်ရန် သန်းရွှေလူရင်းတွေ ရှာဖွေနေ။ မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်မှု သန်းရွှေမိသားစု အားလုံး အငြိုးနဲ့ ဖမ်းဆီး' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အာဏာရှင်ဟောင်း ဦးသန်းရွှေ ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Mizzima သတင်းဌာနမှာ ဧပြီလ ၁၀ ရက်နေ့က ဖော်ပြထားတဲ့ 'သဘာဝဘေးအန္တရာယ်ကင်းဝေး‌ရေး စစ်ကောင်စီဌာနဆိုင်ရာများ ငါးလွှတ်၊ ပရိတ်ရွတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီး နှစ်ပတ်နီးပါးအကြာမှာ စစ်​ကောင်စီ လက်​အောက်ခံအဖွဲ့တွေက သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးရေးအတွက်လို့ဆိုကာ ဇီဝိတဒါန ငါးလွှတ်ကာ ပရိတ်ရွတ်ပွဲတွေ ပြုလုပ်နေတဲ့ အကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ မိသားစုဝင်အားလုံး ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories