HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဒေါ်စုကွယ်လွန်ပြီဟု စစ်တပ်က ထုတ်ပြန် ဆိုတဲ့ သတင်းအတု

စစ်ကောင်စီတပ်တွေဆီမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 20 March 2023 3:21 PM IST

အဆိုပါ သတင်းအတုကို Was Was ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်က မတ်လ ၁၃ ရက်နေ့မှာ ဖြန့်ဝေထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော်ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာဖြစ်ပြီး ၎င်း Video ရဲ့ နောက်ခံဓါတ်ပုံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ် စစ်သားတွေ ပါဝင်တဲ့ ဓါတ်ပုံရယ်ကို အသုံးပြုထားပြီး ဓါတ်ပုံအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်သွားပြီလို့ စစ်တပ်က ထုတ်ပြန်ထားကြောင်း စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒီ video ကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာတော့ “အမေစုနာရေးသတင်းစစ်တပ်ထုတ်ပြန်။ သေချာလားစုံစမ်းနေဆဲပါ” လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၅၂၀၀ ကျော်ရှိပြီး ဝင်ရောက်ကြည့်ရှု့ထားသူ ၃ သိန်းကျော်ရှိကာ YouTube ပေါ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်သွားပြီလို့ စစ်တပ်က ထုတ်ပြန်ထားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ ထောင်ဒဏ် ၃၉ နှစ် ချမှတ်ခံထားရပြီး ကျန်းမာရေးကောင်းမွန်စွာရှိနေတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ BBC သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို အောက်ပါ link မှာ ဖတ်ပါ။

ဒေါ်အောင်ဆန်းစုကြည်အမှုတွေ အထူးအယူခံတင်မယ်   

ကျန်းမာရေးကောင်းမွန်တယ်လို့သိရ

ဒါ့အပြင် သတင်းအမှားထဲမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ သတင်းအမှား Video ထဲမှာ မိုးကောင်းမှာ စစ်ကောင်စီဗိုလ်တစ်ဦး PDF တွေရဲ့ ပစ်ခတ်မှု ခံခဲ့ရတဲ့ သတင်းကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှု့သူများအောင် သတင်းခေါင်းစဉ်တွေ၊ နောက်ခံဓါတ်ပုံတွေနဲ့ လိမ်ညာရေးသားပြီး ကြည့်ရှု့သူအရေအတွက်ကနေ ဝင်ငွေပြန်ရအောင်ဖန်တီးထားတဲ့ Cilckbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories