HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

နေပြည်တော်ထိ တက်သိမ်းဖို့ AA စစ်ဦးစီးချုပ်ပြောပြီဆိုတဲ့ သတင်းအမှား

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က နေပြည်တော်ကို တက်သိမ်းဖို့ အတိအလင်းပြောတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 15 Oct 2022 2:32 PM IST

ဒီအကြောင်းအရာကို အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်းမှာ Meal Breeze ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။ ကြာချိန် ၂၂ မိနစ်ကျော်ရှိတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အင်တာဗျူးနေတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့ အတူ 'နေပြည်တော် တက်သိမ်းကြဖို့ AA စစ်ဦးစီးချုပ်ပြောပြီ' ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖြန့်ဝေထားဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ကြာချိန် ၂၂ မိနစ်ကျော်ရှိတဲ့ ဗွီဒီယိုဖိုင်ထဲမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဘီဘီစီသတင်းဌာနက အင်တာဗျူးထားတဲ့ အကြောင်းကို တွေ့ရမှာပါ။ ဒီအင်တာဗျူးထဲမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်အနေနဲ့ နေပြည်တော်ကို တက်သိမ်းမယ်ဆိုတဲ့ အကြောင်းအရာ ပြောဆိုထားခြင်း မရှိသလို အခြားသတင်းမီဒီယာတွေမှာလည်း ဒီလိုပြောဆိုထားတယ်ဆိုတဲ့အကြောင်း ဖော်ပြထားတာ မရှိပါဘူး။

အင်တာဗျူးထဲမှာ ပြည်နယ်တွေမှာ 'တိုက်ပွဲဖြစ်ရခြင်းမှာ မြန်မာတပ်က စစ်ကြောင်းထိုးလို့ ဖြစ်ရတာဖြစ်ကြောင်း၊ ရခိုင်မှာ ရခိုင်တပ်မတော်ရှိတာ လုံးဝတရားတယ်လို့ လက်ခံထားကြောင်း၊ စစ်ဖြစ်လာရင် မည်သူမဆိုနိုင်အောင် တိုက်ကြမှာ ဖြစ်ကြောင်း၊ AA အနေနဲ့ စစ်ရေးနဲ့ အသာယူပြီးမှ နိုင်ငံရေးအရ ညှိမယ်ဆိုတာမျိုး မဟုတ်ကြောင်း၊ မြန်မာစစ်တပ်က ထိုးစစ်ဆင်လာရင်တော့ ရှိတာနဲ့ ရအောင် ခုခံတဲ့ သဘောဖြစ်ကြောင်း၊ တိုက်ပြီးမှ အဆုံးသတ်သွားတာထက် ကောင်ကောင်းမွန်မွန်နဲ့ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာတာကတော့ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းနဲ့ စေ့စပ်ညှိနှိုင်းဖို့ အချိန်မရွေး ကြိုဆိုကြောင်း တွေပြောထားတာဖြစ်ပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ ခေါင်းစဉ်ကို လူအများစိတ်ဝင်စားအောင် တမင်လုပ်ကြံရေးသားထားပြီးဖြန့်ဝေထားတဲ့ သတင်းအမှားသာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗွီဒီယိုဖိုင်ကို နှစ်ကြော့ပြန်လည်ထည့်သွင်းကာ ပိုမိုကြာမြင့်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီလိုလုပ်ထားခြင်းအားဖြင့် ဗွီဒီယိုဖိုင်ကို အစမှ အဆုံးထိကြည့်ရှု့ကာ ခေါင်းစဉ်ပါအချက်အလက်ကို အလွယ်တကူ ရှာမရအောင် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

Tags:

Related Stories