HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

၂၄ နာရီအတွင်း ဖျက်အားပြင်းမုန်တိုင်းဝင်မယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံကို ၂၄ နာရီအတွင်း ဖျက်အားပြင်းမုန်တိုင်းဝင်ပြီး လူသိန်းချီသေနိုင်တယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 27 April 2023 7:32 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Kanak Tavade ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဧပြီလ ၂၄ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၆ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘ဖျက်အားပြင်းမုန်တိုင်း ၂၄ နာရီအတွင်း ဝင်ပြီးကြမ်းမယ်။ အရေးကြီး ပြင်ဆင်ကြပါ။ မြန်မာနဲ့ ဘဂ်လားဝင်မယ်။ ၁ နာရီ မိုင် ၄၀၀ နှုန်း သိန်းချီသေနိုင်’ လို့ ရေးသာထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အခုဖြန့်ဝေနေတာတွေဟာ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် တမင်လုပ်ကြံရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာ မြန်မာနိုင်ငံကုန်းတွင်းပိုင်းနဲ့ မြန်မာ့ပင်လယ်ပြင်မှာ အင်အားပြင်း မုန်တိုင်းဝင်မယ်ဆိုတဲ့ အကြောင်းအရာကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှာ ကြေညာထားတာ မရှိသလို အိမ်နီးချင်းနိုင်ငံတွေရဲ့ မိုးလေဝသသတင်းတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။

ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖိုင်ထဲဟာ နွေဦးတော်လှန်ရေး ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားတဲ့ နေ့စဉ်မိုးလေဝသသတင်းကို ပြန်လည်ကူးယူဖော်ပြ ထားခြင်းသာဖြစ်ပြီး ၁ နာရီ မိုင် ၄၀၀ နှုန်းနဲ့ တိုက်ခတ်မယ့် ဖျက်အားပြင်းမုန်းတိုင်း ဝင်မယ်ဆိုတဲ့ အကြောင်းအရာ ပါဝင်ခြင်းမရှိပါဘူး။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ကြေညာချက်တွေကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


မိုးဇလရဲ့ ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီအချိန် ထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ပေ့ချ်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါ ကြည့်ရှုသူအရေအတွက်များအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနေတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories