HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ပုံဟောင်းတွေ သုံးပြီး ဖြန့်ဝေတဲ့ မြောက်ဥက္ကလာ ဆန္ဒပြသူတွေအကြောင်း သတင်းအမှား

လက်ရှိဖြစ်ပျက်နေတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာက ဆန္ဒပြသူတွေကို ဖမ်းဆီးနေတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ သတင်းဟာ တိကျမှုမရှိတဲ့ အချက်အလက်တွေ ပါဝင်နေတဲ့ ပို့စ်တခုဖြစ်ပါတယ်။

By - Boom Live Myanmar | 10 March 2021 7:10 PM IST

ဒီဖြန့်ဝေမှုကို Phoo Kyaw Zin ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်က ယနေ့ မတ်လ ၁၀ ရက် နေ့လည် ၃ နာရီ ၈ မိနစ်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ၂၃ မိနစ်အတွင်းမှာ ထပ်ဆင့်ဖြန့်ဝေသူ လေးထောင်ကျော်ရှိနေပါတယ်။

ရေးသားဖြန့်ဝေထားတဲ့အထဲမှာ "မြောက်ဥက္ကလာ ကို ကူညီကြပါအုန်းဗျာ ဖမ်းဆီးထားတာ ၄၀၀ ကျော်နီးပါးရှိပါတယ်။ မိန်းကလေးတွေများပါတယ်။ ရက်ရက် စက်စက် ရိုက်နက်နေပါတယ်။ မြင်လို့တောင်မကောင်းဘူးဗျာ" ဆိုပြီး ပါဝင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီဖြန့်ဝေမှုမှာ ပါဝင်တဲ့ ပုံတွေဟာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့နယ်ရှိ အောင်မြေဗိမာန် ဘုန်းကြီးကျောင်းကို ရဲတပ်ဖွဲ့ က ပိတ်ဆို့စီးနင်းစဉ်က ရိုက်ကူးခဲ့တဲ့ ပုံတွေသာ ဖြစ်ပါတယ်။

သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီပုံတွေကို Thaung Htay Lynn ဆိုသူမှလည်း သူရဲ့ဖေစ့်ဘွတ်အကောင့်မှာ ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က တင်ခဲ့ပါသေးတယ်။

ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။


Tags:

Related Stories