HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

NLD အစိုးရရဲ့ အကြံပေး အယောက် ၉၀ ဆိုတဲ့ စာရင်း လူမှုကွန်ရက်ပေါ်ဖြန့်ဝေ

NLD အစိုးရရဲ့ အကြံပေးအဖြစ် အသုံးပြုသူများစာရင်းဆိုြင်္ပီး နိုင်ငံအလိုက်အကြံပေးတွေအဖြစ် ရည်ညွှန်းရေးသားတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို လူမှုကွန်ရက်မှာ ဖြန့်ဝေမှုတွေရှိနေပါတယ်။

By - Boom Live Myanmar | 30 Dec 2020 1:24 PM IST

NLD အစိုးရအနေနဲ့ နိုင်ငံခြားသား အကြံပေး ၉၀ကျော်အတွက် လစဉ်ဘီလီယံချီသုံးစွဲတယ်ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေနေတာတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ဖြစ်ပြီး အခုတခါ အစိုးရရဲ့ ကဏ္ဍအလိုက်မှာ အသုံးပြုနေတဲ့ နိုင်ငံခြားသား အကြံပေး စာရင်းဆိုပြီး ထပ်မံ ဖြန့်ဝေနေတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဖြန့်ဝေရာမှာ "နိုင်ငံတော်လုံခြုံရေးစည်း ကျိုးပေါက်နေမူ့များ" လို့ ခေါင်းစဉ်တပ်ပြီး နိုင်ငံတော်၏ အရေးပါသောကဏ္ဏများ၊ သာသနာရေးနှင့် ယဉ်ကျေးမူ့ဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်း စာရင်းစစ်ချုပ်ရုံးစတဲ့ ကဏ္ဍတွေပါဝင်တဲ့ ၁၀ အမျိုးအတွက် နိုင်ငံခြားသားအကြံပေး ဘယ်နှဦးခန့်ထားတယ်ဆိုပြီးေ ရးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

ရေးသားဖြန့်ဝေမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ပြည်ပ အကြံပေးတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့၊ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ဝန်ကြီးဌာန ခြောက်ခု ဖြစ်တဲ့ သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး တွေမှာ ပြည်ပမှ ပညာရှင်၊ အကြံပေး၊ နည်းပြ၊ ကျွမ်းကျင်သူ စုစုပေါင်း ၉၀ ဦး ရှိတယ်လို့ ဖြေကြားထားကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ စီမံကိန်းတစ်ခုချင်းအလိုက် သက်တမ်းကာလ သတ်မှတ်ချက်ဖြင့် ဆောင်ရွက်ရခြင်းသာဖြစ်ကြောင်း အချို့ဝန်ကြီးဌာန တွေက အကြံပေးအချို့မှာ သတ်မှတ်ကာလပြီးဆုံးလို့ ပြည်ပကိုပင် ပြန်သွားကြပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များ စာမျက်နှာမှ တစ်ဆင့် အောက်တိုဘာလ ၁၆ ရက်နေ့က ပြောကြားထားပါတယ်။  


အဆိုပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆင်ဟွာ သတင်းဌာနက ဖော်ပြထားတဲ့ သတင်းကို ဒီမှာ ကြည့်နိုင်ပါတယ်။

ပြည်ပ အကြံပေးများကို စီမံကိန်းလိုအပ်ချက်များအရ ကာလ သတ်မှတ် ချက်ဖြင့် ခန့်အပ်ခြင်းများသာဖြစ်ကြောင်းနဲ့ ယခုဖြန့်ဝေရေးသားနေသလို နိုင်ငံတော်လုံခြုံရေးစည်း ကျိုးပေါက်တယ်ဆိုတာ မဖြစ်နိုင်တဲ့ စွပ်စွဲမှု တခုသာဖြစ်ပါတယ်။

လက်ရှိအစိုးရဟာ ပြည်ပအကြံပေးတွေများစွာခန့်ထားတယ်ဆိုတာနဲ့ အကြံပေးတွေနဲ့ပတ်သက်ပြီး NLD အစိုးရနဲ့ဆက်စပ်လို့ မဟုတ်မမှန်တဲ့သတင်းတွေအများအပြား ရှေ့ပိုင်းမှာဖြန့်ဝေခဲ့ကြပြီးဖြစ်ပါတယ်။အခုသတင်းကတော့ ဒီသတင်းအမှားတွေရဲ့နောက်ဆက်တွဲသတင်းအမှားတွေအဖြစ်နဲ့ဆက်လက်ဖြန့်ဝေနေကြတာဖြစ်ပါတယ်။

Tags:

Related Stories