ဖြန့်ဝေမှုတွေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်ပြီး ကောင်းကင်မှရိုက်ယူထားတဲ့ လူနေအိမ်တွေ မီးလောင်နေတဲ့ ပုံကို အသုံးပြုပြီး "ပုလဲမြိုနယ်၊ ချောင်းဦးရွာအား ဖေဖော်ဝါရီ၁၈ နံနက်၉ နာရီခန့်က စပြီး ပုလဲ PDF တီကောင်အဖွဲ့ မီးရိူ့ထွက်ပြေး" ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖြန့်ဝေထားတာဖြစ်ပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးရွာကို ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းမှာ ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၂၀ ကျော် ဝင်ရောက်လာပြီး နေအိမ် ၃၀၀ ကျော် မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောကြာကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ ရှိပါတယ်။
ချောင်းဦးကျေးရွာနဲ့ တစ်မိုင်ခန့်သာဝေးတဲ့ ဇီးဖြူကုန်းကျေးရွာမှာ စစ်ကောင်စီက တပ်စွဲပြီး ပျူစောထီးအဖွဲ့ဝင်တွေကို စစ်သင်တန်းပေးနေတဲ့အတွက် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့က ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီလိုမီးရှို့ခံခဲ့ရတာ ဖြစ်ပါတယ်။