HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ရန်ကုန်မှာ လူငယ်တစ်သောင်းဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြားတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီက ရန်ကုန်မှာ လူငယ်တစ်သောင်းဖမ်းဆီးဖို့ ညွှန်ကြားထားတယ်ဆိုပြီး ရေးသားဖြန့်ဝေနေမှုတေွ ရှိနေပါတယ်။

By - Boom Live Myanmar | 30 Aug 2024 2:10 AM GMT

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန်ပွက်လောရိုက်ပြီဟေ့။ ရန်ကုန်မှာ လူငယ်တစ်သောင်း ဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြား။ ပြည်သူတွေ အထူးသတိထားပါ။ အရေးပေါ်ပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ရန်ကုန်မှာ လူငယ်တစ်သောင်းဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြားတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၉ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရန်ကုန်တိုင်းအတွင်းရှိ လူငယ် အလုပ်သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်းခံနေပြီး စစ်မှုထမ်းရန် လိုအပ်သည့် လူအင်အား စုဆောင်းရန်အတွက်ဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ရန်ကုန်မှာ လူငယ်တစ်သောင်းဖမ်းဆီးဖို့ စစ်ကောင်စီညွှန်ကြားတယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သတင်းထဲမှာ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များမှ လူငယ်အလုပ် သမားများစာရင်းကို ဩဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ထပ်မံ တောင်း ခံနေကြောင်း၊ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်လ၀က ဦးစီးဌာနများထံသို့ စက်မှုဇုန်များရှိ အလုပ်သမားအရေအတွက်ကို စက်ရုံတစ်ခုချင်းစီအလိုက် စာရင်းဖြင့် အမြန်ဆုံးတင်ပြရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အလုပ်သမားများစာရင်းကို ဩ ဂုတ်လ ၃၀ ရက်နေ့နောက်ဆုံးပေးပို့ရန် ညွှန်ကြားထားပြီး အဓိကအားဖြင့် စစ်မှု ထမ်းရန် လိုအပ်နေသည့် လူအင်အားကို စုဆောင်းရန် လူအင်အားစာရင်းတောင်းခံနေခြင်းဖြစ်ကြောင်း ရေးသားထားပါတယ်။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Related Stories