HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

PDF သင်တန်းဆင်းပွဲ ဗုံးကြဲခံရတယ်လို့ ဖြန့်ထားတဲ့ သတင်းအမှား

PDF တွေရဲ့ သင်တန်းဆင်းပွဲ လေကြောင်းက ဗုံးကြဲခံရတယ်လို့ ဖြန့်ထားတဲ့ Video အတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 17 March 2025 7:16 PM IST

အဆိုပါ Video ကို ကောင်းကင်ပြာပြာ အမည်နဲ့ Facebook အကောင့်တစ်ခုက ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁၂ စက္ကန့်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ၎င်း Video ထဲမှာ ကွင်းပြင်တစ်ခုထဲ သွားလာနေတဲ့ စစ်သားတွေ ရှိရာကို လေယာဉ်တစ်စီး လာရောက် ပစ်ခတ်ကာ ဗုံးတွေ ကြဲချသွားပြီး လူမှုကွန်ယက်ပေါ် ဖြန့်ဝေရာမှာ PDF တွေရဲ့ သင်တန်းဆင်းပွဲ ဖြစ်ကြောင်း ရေးသားထားပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို Like လုပ်ထားသူ ၄၀၀ ကျော်နဲ့ ထပ်ဆင့်ဝေမျှထားသူ ၂၀၀ နီးပါး ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

PDF တွေရဲ့ သင်တန်းဆင်းပွဲ လေကြောင်းက ဗုံးကြဲခံရတယ်လို့ ဖြန့်ထားတဲ့ Video ကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖြန့်ဝေထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video ဟာ မြန်မာပြည်က ဖြစ်စဉ်မဟုတ်ပါဘူး။ ဒီ Video ဟာ နိုင်ငံတကာက လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ နိုင်ငံအမည်အမျိုးမျိုးနဲ့ ဖြန့်ဝေနေကြတဲ့ Video တစ်ဖြစ် YouTube ချန်နယ်တစ်ခုမှာ အမေရိကန် စစ်သားတွေကို ဗြိတိန်လေယာဉ်က ဗုံးကြဲချတာလို့ ဖော်ပြထားပြီး၊ နောက် Video တစ်ပုဒ်မှာ ပြင်သစ် စစ်သားတွေကို ရုရှားက ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အသီးသီး ဖော်ပြထားပါတယ်။


Video ဟာ ၁၂ စက္ကန့်သာ ကြာမြင့်တဲ့အတွက် AI နဲ့ ဖန်တီးထားတာလား ရုပ်ရှင်ထဲက ဖြတ်တောက်ပြီး ပြန်တင်ထားတာလား ဆိုတာတော့ အတည်ပြုဖို့ ခက်ခဲပါတယ်။ ဒီ Video ကို မြန်မာနိုင်ငံက စစ်ကောင်စီ ထောက်ခံသူတစ်ဦးက ပြန်ယူပြီး PDF သင်တန်းဆင်းပွဲကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဖြန့်ထားခြင်း ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ ဖေ့စ်ဘွတ်အကောင့်တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ မည်သည်မည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ဝါဒဖြန့် သတင်းအမှားတွေ ဖြန့်နေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories