HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီရဲ့ လေတပ်အရာရှိ ၅ ဦး ထွက်ပြေးတယ်ဆိုတဲ့ သတင်းအမှား

စစ်ကောင်စီရဲ့ လေတပ်အရာရှိ ၅ ဦး လေယာဉ်ယူ ထွက်ပြေးပြီး NUG ဆီမှာ အလင်းတယ်ဆိုပြီး ရေးသားဖြန့်ဝေ နေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 17 March 2025 12:04 PM IST

ဒီအကြောင်းအရာကို Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မတ်လ ၁၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေယာဉ်ပါယူပြီး လေတပ်အရာရှိ (၅) ဦး ထွက်ပြေးပြီး NUG ထံ အလင်းဝင်။ မင်းအောင်လှိုင်ကို ပြန် သတ် မည်ဟုပြော' လို့ ရေးသားထား တာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီရဲ့ လေတပ်အရာရှိ ၅ ဦး ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာဟာ People's Spring သတင်းဌာနမှာ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'လေတပ်မှ ဗိုလ်ကြီးတစ်ဦး မိသားစုနှင့်အတူ CDM ပြုလုပ်။ လုံခြုံသည့်နေရာစီစဉ်ပေးထားဟု ဒီးမော့ဆိုPDF ထုတ်ပြန်' ဆိုတဲ့ သတင်းဟောင်းတစ်ပုဒ်ကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ စစ်ကောင်စီ လေတပ်က ဗိုလ်ကြီးဇေသူအောင်ဟာ မိသားစုနဲ့အတူ CDM ပြုလုပ်လာတဲ့အကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်ကြောင်း၊ ဗိုလ်ကြီးဇေသူအောင်ဟာ နေပြည်တော် အမှတ်(၄၅) ကင်းထောက် လေယာဉ်စခန်းမှာ လုပ်သက်(၁၇)နှစ်ကျော် တာဝန်ထမ်းဆောင်ပြီး မန္တလေးတိုင်း ပြင်ဦးလွင်မှာ သင်တန်း တက်ရောက်နေတာ ဖြစ်ကြောင်း၊ ဗိုလ်ကြီးဇေသူအောင်နဲ့ မိသားစုကို ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးခဲ့ကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ လေတပ်အရာရှိ ၅ ဦး ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories