သတင်းအတု

မုံရွာအောင်ရှင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား

လူမှုကွန်ယက်ပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီက မုံရွာအောင်ရှင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 8 April 2021 2:59 PM IST

မုံရွာအောင်ရှင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းအမှား

အဆိုပါ သတင်းအမှားကို U Than Swe ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်က ဧပြီလ ၇ ရက်နေ့ မှာ ရေးသားဖြန့်ဝေခဲ့တ ဖြစ်ပြီး အဲ့ဒီ သတင်းအမှားထဲမှာ တစ်ရက်ထဲ ကဗျာဆရာ ၂ ဦး ဆုံးသွားတယ်လို့ ရေးထားပြီး အဲ့ဒီ ၂ ဦးထဲမှာ မုံရွာအောင်ရှင်ပါဝင်တယ်လို့ ရေးသားထားပါတယ်။ ၎င်းရဲ့ ရေးသားမှုထဲမှာ မုံရွာအောင်ရှင်ရဲ့ သမီးဖြစ်သူက ၎င်းထံ ဖုန်းဆက်ကာ အဖေဖြစ်သူက မုံရွာမှာ ဆေးကုဖို့ သွားရောက်ရင်း ဆုံးသွားတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ သတင်းအမှားကို ထပ်ဆင့်ဝေမျှသူ ၃၀၀ ကျော်နဲ့ ပြန်လည်ကူးယူ ဖော်ပြသူများစွာ ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် ကွယ်လွန်တယ်ဆိုတဲ့ သတင်းကို Boom Myanmar က အချက်အလက် စစ်ဆေးဖို့ မုံရွာအောင်ရှင်ရဲ့ သားဖြစ်သူ ကိုဖြိုးမောင်မောင်ကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာ အဆိုပါအကြောင်းအရာဟာသတင်းအမှားဖြစ်ကြောင်း အတည်ပြုပါတယ်။

ကိုဖြိုးမောင်မောင်က "ကျွန်တော်လည်း အမတွေ၊ ညီမတွေ မေးပြီးပြီ။ တစ်ယောက်မှ မဖြေထားဘူး" လို့ ပြောပါတယ်။

ဒေါ်ကေသွယ်မိုးကလည်း Friday Times သတင်းဌာနကို " မနက်ကတည်းက အဲဒီသတင်းကို ဖုန်းနဲ့ တောက်လျှောက်ထိုင်ဖြေနေရတယ်၊ အားလုံးက စိတ်ပူပြီး လှမ်းမေးကြတာဆိုတော့ ဖြေပေးနေရတာပေါ့၊ ကျွန်မဆီကိုတော့ ခုချိန်ထိ ဘယ်အဖွဲ့အစည်းကနေမှ တရားဝင်ဆက်သွယ်ပြောဆိုလာတာမျိုးမရှိပါဘူး" လို့ ဖြေကြားထားပါတယ်။

Tags:

Related Stories