HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

မြ၀တီ ရုပ်မြင်သံကြားအသံလွှင့်ဌာန ဗုံးနဲ့ တိုက်ခိုက်မှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေတယ်ဆိုတဲ့ သတင်းအမှား

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန ဗုံးနဲ့ တိုက်ခိုက်ခံရမှုမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း အပါဝင် အရာရှိ (၂၀) သေဆုံးတယ်ဆိုပြီး ရေးသားဖြန့်ဝေမှုတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 25 Nov 2024 6:48 AM IST

ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'MWD နဲ့ MRTV ရုပ်သံ ဗုံးနဲ့ဖောက်ခွဲ။ MWD- မြဝတီသတင်းဌာနကို Yangon Army ဗုံးနဲ့ထုပြီ။ ဗိုလ်ချုပ်ဇော်မင်းထွန်း အပါဝင် အရာရှိ (၂၀) သေဆုံး' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

မြ၀တီ ရုပ်မြင်သံကြားအသံလွှင့်ဌာန ဗုံးနဲ့ တိုက်ခိုက်မှု ဗိုလ်ချုပ်ဇော်မင်းထွန်း သေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media သတင်းဌာနမှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မှော်ဘီရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့် မြ၀တီရုပ်မြင်သံကြားအသံလွှင့်ဌာန အဆောက်အအုံကို Yangon Army အဖွဲ့က ၁ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ဗုံးပစ်လောင်ချာ M79 လက်နက်ကြီးဖြင့် ၄၀ မမ ဗုံး ၃လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေးသားထားပါတယ်။ သို့ပေမယ့် ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို ဖော်ပြမထားပါဘူး။

ဒီသတင်းထဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း သေတယ်ဆိုတဲ့ အကြောင်းအရာ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories