HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စစ်ကောင်စီကို ထောက်ပံ့မယ့် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ပြန်ရုတ်သိမ်းကြောင်း တရုတ်ကြေညာတယ် ဆိုတဲ့ သတင်းအမှား

တရုတ်က စစ်ကောင်စီကို ထောက်ပံ့မယ့် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ပြန်ရုတ်သိမ်းကြောင်း ကြေညာတယ်ဆိုပြီး ရေးသားဖြန့်ဝေတာတွေ ရှိနေပါတယ်။

By - Boom Live Myanmar | 22 Aug 2024 9:40 AM IST

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Khit Thit Media ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်ကျော်သာရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သဘောတူညီချက် အားလုံးရုတ်သိမ်း။ စကစကို ထောက်ပံ့မယ့် ကန်ဒေါ်လာ ၃ ဘီလျံ ပြန်ရုတ်သိမ်းကြောင်း တရုတ်ကြေညာ၊ လူထုအစိုးရ အာဏာပြန်အပ်ဖို့ ရာဇသံပေးနေပြီ' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီကို ထောက်ပံ့မယ့် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ပြန်ရုတ်သိမ်းကြောင်း တရုတ်ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

တရုတ်အနေနဲ့ စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထောက်ပံ့မယ်လို့ ပြောဆိုထားခြင်း မရှိသလို ရုတ်သိမ်းကြောင်း ပြန်လည်ကြေညာတယ်ဆိုတာလည်း မရှိထားပါဘူး။

ဒီသတင်းမှားတွေကို ဩဂုတ်လ ၁၄ ရက်နေ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ခရီးစဉ်အပြီးမှာ စတင်ဖြန့်ဝေနေကြတာပါ။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ စစ်ကောင်စီကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ထုတ်ချေးဖို့ ရှိတယ်ဆိုပြီး ဖြန့်ဝေနေတာပါ။

အခု ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ 'တရုတ်နိုင်ငံက စစ်ကောင်စီထံသို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ချေးငှားမည်ဆိုသော သတင်းများ မှန်ကန်မှုမရှိ' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories