HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ထိုင်းနိုင်ငံမှာ ဗုံးပေါက်ကွဲခဲ့တာ ဖြစ်စဉ်ဟာ ဖဒိုစောတာနီး ညွှန်ကြားခဲ့တာလို့ ဖြန့်ထားတဲ့ သတင်းအမှား

ထိုင်း မြန်မာ နယ်စပ် အုန်းဖန်းမြို့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ဟာ ဖဒိုစောတာနီး ညွှန်ကြားခဲ့တာ ဆိုတဲ့ သတင်းအမှား တစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 23 Jan 2025 9:46 PM IST

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှား ထဲမှာ “ထိုင်းနိုင်ငံ အုန်းဖန်ပွဲကို ဗုံးခွဲဖို့အတွက် စေခိုင်းခဲ့သူမှာ KNU အဖွဲ့မှ စောတောနီးဟု ထိုင်းနိုင်ငံသားများကြားမှာ သတင်းထွက်ပေါနေ။ဖမ်းမိတဲ့သူတွေကလည်း KNU ကပဲ ဗုံးခွဲဖို့ စေခိုင်းတာလည်း KNU အဖွဲ့က စောတောနီးလို့ သိရတယ်ဟု ထိုင်းနိုင်ငံသားများပြောဆိုနေ။” လို့ ဖြန့်ထာူပါတယ်။

မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေအပြင် လူမှုကွန်စာမျက်နှာ အသီးသီးမှာ ဖော်ပြထားပါတယ်။

သတင်းဆန်းစစ်ချက်

ထိုင်း မြန်မာ နယ်စပ် အုန်းဖန်းမြို့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်စဉ်ဟာ ဖဒိုစောတာနီး ညွှန်ကြားခဲ့တာ ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံ အုန်းဖန်းမြို့မှာ ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်ဟာ ဖဒိုစောတာနီး နဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ပွဲအတွင်းမှာ လူငယ်ချင်း ရန်ဖြစ်ရာမှ စတင်ခဲ့တဲ့ ဖြစ်စဉ်သာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို အခွင့်ကောင်း ယူပြီး စစ်ကောင်စီထောက်ခံသူတွေက သတင်းအမှား ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။

Related Stories