HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဓါတ်ပုံအဟောင်း အသုံးပြုပြီး ဒေါ်နယ်ထရမ့်မဲဆွယ်ပွဲအကြောင်း ဖြန့်ထားတဲ့ သတင်းအမှား

ဓါတ်ပုံအဟောင်းတစ်ပုံအသုံးပြုပြီး ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်ပွဲအကြောင်း ဖြန့်ထားတဲ့ သတင်းအမှားတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 28 May 2024 3:42 PM GMT

အဆိုပါ သတင်းအမှားကို မေလ ၁၃ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပျံနှံ့ခဲ့ပြီး သတင်းအမှားကိုဖြန့်ဝေရာမှာ လမ်းပေါ် စည်းကမ်းမဲ့စွာ အမှိုက်တွေ စွန့်ပစ်ထားတဲ့ ဓါတ်ပုံတစ်ပုံအသုံးပြုထားပါတယ်။ ၎င်းဓါတ်ပုံနဲ့အတူ မနေ့က အမေရိကန် နယူးဂျာစီကမ်းရိုးတန်းမှာ ကျင်းပတဲ့ ထရမ့်ပွဲ။ သူ သွားပြီ ..နောက် ထပ်အမေရိကန် ကိုလည်း ဒီလိုပဲထားသွားမှာ။ ထရမ့် အမှိုက်” မလိုချင်ပါဘူး လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ ဓါတ်ပုံကို လူမှုကွန်ယက်စာမျက်နှာတွေပေါ် ခေါင်းစဉ်အမျိုးမျိုး ရေးသားပြီး ဖြန့်ဝေထားကြပါတယ်။

သတင်းဆန်းစစ်ချက်

လမ်းပေါ် စည်းကမ်းမဲ့စွာပစ်ထားတဲ့ အမှိုက်တွေ ပြန့်ကျဲနေတဲ့ ဓါတ်ပုံကို အသုံးပြုပြီး ယမန်နေ့ ထရမ့်ရဲ့ စည်းရုံးရေး ပွဲကလို့ ဖြန့်ထားတဲ့အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဓါတ်ပုံအဟောင်းတစ်ပုံကို အသုံးပြုပြီးဖြန့်ထားတာကို တွေ့ရပါတယ်။

သတင်းအမှားထဲမှာ ပါဝင်တဲ့ ဓါတ်ပုံဟာ ၂၀၂၀ ခုနှစ်က ဒေါ်နယ်ထရမ့်ရဲ့ ပြည်သူလူထုနဲ့တွေ့ဆုံ မိန့်ခွန်းပြော၊ မဲဆွယ်မှု ပြုလုပ်ခဲ့စဉ်က ပုံအဟောင်းသာ ဖြစ်ပါတယ်။ နယူးဂျာစီ ကမ်းရိုးတန်းမှာ ပြုလုပ်ခဲ့တဲ့ ထရမ့်ရဲ့ပွဲအပြီး ပြန့်ကြဲကာ ကျန်ရှိနေတဲ့ အမှိုက်တွေ ဖြစ်ပါတယ်။

ဒီဓါတ်ပုံကို အသုံးပြုပြီး ယမန်နေ့က ဒေါ်နယ်ထရမ့် မဲဆွယ်ဖို့ လူထုနဲ့တွေ့ဆုံပြီးနောက် ကျန်ခဲ့တဲ့ အမှိုက်တွေလို့ ဖြန့်ထားတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလက ဒေါ်နယ်ထရမ့်ရဲ့ စည်းရုံးရေးပွဲက အမှိုက်တွေနဲ့ ပတ်သက်တဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


Related Stories