ဒီအကြောင်းအရာဟာ စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး နိုင်ငံတကာက ဆိုရှယ်မီဒီယာအသုံးပြုသူတွေကြား ပြန့်နှံ့နေတာဖြစ်ပြီး ဖြန့်ဝေမှုအများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ "ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီး အစည်း အဝေး တက်ရောက်ရန် ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆမာခန်မြို့သို့ ရှီကျင့်ဖျင် ရောက်ရှိနေစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က တရုတ်ပြည်တွင်း၌ ၎င်းကို ရာထူးမှ ဖယ်ရှားလိုက်" တယ်လို့ ပြောဆိုရေးသားနေကြတာပါ။
ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချကာ အာဏာသိမ်းမှုဖြစ်ပွားတယ်လို့ ရေးသားဖြန့်ဝေနေပေမယ့် လူမြင်ကွင်းက အတန်ကြာ ပျောက်ကွယ်နေတဲ့ ရှီကျင့်ဖျင်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့မှာ နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာ ပြန်လည်ထွက်ပေါ် လာပါတယ်။
ရှီကျင့်ဖျင်ဟာ ဘေဂျင်းမြို့က Beijing Exhibition Hall ပြပွဲခန်းမမှာ Forging Ahead into the New Era အာဘော်ကို ခင်းကျင်းပြသ ပုံဖော်ထားမှုကို လာရောက်ကြည့်ရှု့တာဖြစ်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နေအိမ်အကျယ်ချုပ်ချခံရတယ်ဆိုတဲ့ ကောလဟလသတင်းကို နိုင်ငံတကာက သတင်းမီဒီယာတွေမှာ ဖြေရှင်းချက်တွေ ရေးသားဖော်ပြနေကြပြီး သတင်းဆန်းစစ်ချက်တွေ ဦစားပေးဖော်ပြတဲ့ Snopes သတင်းဌာနကလည်း ဒီသတင်းတွေဟာ ဘာအထောက်အထားမှ မရှိတဲ့အကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းက ရှင်းလင်းဖော်ပြထားပါတယ်။
Snopes သတင်းဌာနရဲ့ ရေးသားဖော်ပြခဲ့မှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။