HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လူတစ်သန်းကျော် ရေဘေးထပ်မံကြုံရမယ် ဆိုတဲ့သတင်းအမှား

မြန်မာနိုင်ငံ လူဉီးရေ ၁.၃ သန်းနီးပါး ရေဘေးကြုံတွေ့ရမယ့် ရေထပ်ကြီးနိုင်တဲ့ ဒေသများစာရင်းဆိုပြီးမြို့နာမည်အချို့နဲ့ အချက်အလက်အမှားတွေပါဝင်တဲ့အကြောင်းအရာတစ်ခုဒီရက်ထဲလူမှုကွန်ရက်ပါ်မှာအများအပြား ပြန့်နှံ့ခဲ့ပါတယ်။

By - Boom Live Myanmar | 16 Sep 2024 12:35 PM GMT

မူရင်းရေးသားထားတဲ့အကြောင်းအရာမှာ  KyawSan Aung ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကစတင်ဖြန့်ဝေလာတာဖြစ်ပြီး စက်တင်ဘာ ၁၄ ရက်နေ့ နေ့လည်ပိုင်းကတည်းက လူမှုကွန်ရက်မှာ ထပ်ဆင့်ဖြန့်ဝေသူတွေများပြားခဲ့ပါတယ်။

မူရင်းရေးသားသူဟာ မိုးလေဝသကျွမ်းကျင်သူမဟုတ်သလို အွန်လိုင်းသတင်းဌာနတွေမှာ  ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ရယူအသုံးပြုပြီး လူပေါင်းများစွာထပ်မံဘေးဒုက္ခကြုံနိုင်ဖွယ်ရှိကြောင်းနဲ့ ဘယ်ဒေသတွေပါဝင်မယ်ဆိုတဲ့အချက်တွေကို အထောက်အထားအကိုးအကားမပါဝင်ပဲ ရေးသားထားတာဖြစ်ပါတယ်။

အ့ဒီအကြောင်းအရာထဲမှာ'မြန်မာနိုင်ငံ လူဉီးရေ ၁.၃ သန်းနီးပါး ရေဘေးကြုံတွေ့ရမယ့် အခြေအနေ (ရေထပ်ကြီးနိုင်တဲ့ ဒေသများ စာရင်း)။ ဧရာဝတီတိုင်းအတွင်းမှ ဓနုဖြူ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ ကျောင်းကုန်း၊ လေးမျက်နှာ၊ မြန်အောင်၊ ညောင်တုန်း၊ ပန်းတနော်၊ သာပေါင်း၊ ရေကြည် နှင့် ဇလွန် စသည့် မြို့နယ်များ၊ ပဲခူးတိုင်းအတွင်းမှ ကြို့ပင်ကောက်၊ လက်ပတန်း၊ မင်းလှ၊ မိုးညို၊ နတ်တလင်း၊ အုတ်ဖို၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်းနှင် ဇီးကုန်း စသည့်မြို့နယ်များ၊ ရန်ကုန်တိုင်းအတွင်းမှ မှော်ဘီ၊ ထန်းတပင်နှင့် တိုက်ကြီး စသည့်မြို့နယ်များ တွင် ရေမျက်နှာပြင်မြင့်တက်ခြင်း(ရေကြီး/ရေလွှမ်းမိုးခြင်း) ဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းလိုက်ပါတယ်' လို့ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ တမင်လုပ်ကြံဖန်တီးပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာသာ ဖြစ်ကြောင်း တွေ့ရပါတယ်။မိုးလေဝသပညာရှင် ဦးဝင်းနိုင် ကိုယ်တိုင်က သူ့ရဲ့ တရားဝင် ဖေစ့်ဘွတ်အကောင့်မှာ သူ့နာမည် အသုံးပြုပြီး ဖြန့်ဝေ နေတာတွေဟာ သတင်အမှားတွေပါဆိုတဲ့အကြောင်း ပိုစ့်တင်ပြီး ဖြေရှင်းထားပါတယ်။

ဦးဝင်းနိုင်က အခုလို ရေတွေကြီး၊ လူတွေ ဒုက္ခရောက်နေကြတဲ့အချိန်မှာ ဒီလို အခြေအမြစ်မရှိ၊ ယုတ္တိမတန်တဲ့ သတင်းမျိုးတွေ ဖြန့်ဝေနေတာဟာ ကူညီရာမရောက်ပဲ လူတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်စေကြောင်း၊ ဒီလိုအချိန်မှာ သတင်းရင်းမြစ် မရှိတဲ့ သတင်းတွေ မဖြန့်ဝေသင့်ကြောင်းနဲ့ မရှင်းလင်းတာရှိပါက သူ့ဆီလာမေးနိုင်ကြောင်း ရေးသား ထားပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ပြန်လည်ဖြေရှင်းထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံတဝှမ်း ရေးကြီးရေလျှံမှုတွေကြောင့် လူအများ ဒုက္ခရောက်နေချိန်မှာ မိမိတို့ ဖေစ့်ဘွတ်ပေချ့် တွေ၊ အကောင့်တွေ ဖော်လိုဝါတိုးလာစေဖို့ အခုလို ဗီဒီယိုဖိုင်အတု၊ ဓာတ်ပုံအတုတွေ ဖန်တီးဖြန့်ဝေနေကြတာ ဖြစ်ပါတယ်။

Related Stories