HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ချောင်းသာကို AA ထိန်းချုပ်တယ်ဆိုတဲ့ သတင်းအမှား

ဧရာဝတီတိုင်းရှိ ချောင်းသာကမ်းခြေကို အာရက္ခတပ်တော် AA ထိန်းချုပ်လိုက်ပြီဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 Jan 2025 8:45 PM IST

ဒီအကြောင်းအရာကို Khit Thit Broadcasting ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ချောင်းသာကို AA ထိန်းချုပ်။ ဟိုတယ်ပိုင်ရှင် ခရိုနီကြီးတွေ လောင်နေပြီ။ ဧရာဝတီတိုင်းသားတွေကို စစ်ကောင်စီ လူသားဒိုင်းလုပ်ပြီ။ စစ်ရှောင်ရင် သတ်ပြစ်မယ်လို့ ခြိမ်းခြောက်။ AA က စစ်တပ်စခန်းတွေကို တောက်လျှောက် သိမ်းပိုက်' လို့ ရေးသား ထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ချောင်းသာကို AA ထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇန်နဝါရီ ၂၂ ရက်နေ့က ဖော်ပြထားတဲ့ 'AA ၏ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေသော်လည်း အများစုမှာ ပုသိမ်သို့ ပြောင်းရွှေ့နေ၊ သာပေါင်းတွင်လည်း စစ်ဘေးတိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်နေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။

သတင်းထဲမှာ AA က ထိုးစစ်ဆင်လာချိန် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ကို ထိခိုက်မှုမရှိစေရဘူးဆိုပြီး စစ်ကောင်စီဘက်က အာမခံကာ ပြည်သူတွေကို ဆက်လိုက်နေထိုင်ဖို့ လိုက်လံစည်းရုံးနေကြောင်း၊ ပြည်သူအများစုကတော့ ပုသိမ်မြို့ပေါ်ကို ပြောင်းရွှေ့နေကြောင်း၊ လက်ရှိအချိန်မှာ စစ်တပ်က ရွှေသောင်ယံမြို့ပေါ်မှာ အထိုင်ချပြီး ခံစစ်ပြင်ထားကြောင်း၊ မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အမာခံအချို့နဲ့ ငွေကြေးမတတ်နိုင်တဲ့ ပြည်သူအချို့သာ ကျန်နေကြောင်း ရေးသားထားတာပါ။

ဒီသတင်းထဲမှာ ချောင်းသာကို AA ထိန်းချုပ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် (AA) ဘက်ကလည်း ဒီလိုထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories